ထားဝယ်တွင် စစ်ကောင်စီက အလိုရှိနေသောသူ၏ ဇနီး အဖမ်းခံရ

ထားဝယ်တွင် စစ်ကောင်စီက အလိုရှိနေသောသူ၏ ဇနီး အဖမ်းခံရ

ဒီဇင်ဘာလ ၂၂ ရက်

ထားဝယ်မြို့နယ်၊ ဝဲကျွန်းထိန်ဟောင်း ရပ်ကွက်တွင် စစ်ကောင်စီက ၎င်းတို့ အလိုရှိနေသူကို လာရောက် ရှာဖွေရာ မတွေ့၍ ထိုသူ၏ ဇနီးဖြစ်သူအား ဖမ်းဆီးသွားကြောင်း မြို့ခံများထံက သိရသည်။

ဖမ်းဆီးခံရသည့် အမျိုးသမီးမှာ မဝေထွန်း ဆိုသူ ဖြစ်ပြီး စစ်ကောင်စီ တပ်သားများက ၎င်းနေထိုင်ရာ ဝဲကျွန်းထိန်ဟောင်း ရပ်ကွက် သြဘာလမ်းရှိ အိမ်သို့ ဒီဇင်ဘာလ ၂၁ ရက်နေ့ ည ၁၀ နာရီခန့် တွင် Vigo ကား နှစ်စီးဖြင့် ရောက်ရှိလာပြီး ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

"လာဖမ်းတာက သူအမျိုးသား ဖြစ်သူကို လာဖမ်းတာပါ။ အိမ်မှာ မရှိတော့ ဇနီးသည်ကို အင်အားသုံး ဖမ်းဆီးသွားတယ်"ဟု အဆိုပါ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် အဆိုပါ မဝေထွန်းကို ခရိုင်စစ်ကြောရေး စခန်းတွင် စစ်ဆေးနေကြောင်း ဝဲကျွန်းထိန်ဟောင်း ရပ်ကွက် နေထိုင်သူများထံက သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required