ဖားကန့် မြေစာပြိုကျမှုဖြစ်ပွါးပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ကိုင်နေသည်ကို ရိုက်ကူးထားသည့် ရုပ်သံဖိုင်

22 December 2021
ဖားကန့် မြေစာပြိုကျမှုဖြစ်ပွါးပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ကိုင်နေသည်ကို ရိုက်ကူးထားသည့် ရုပ်သံဖိုင်

ဖားကန့်မြို့နယ် မှော်စီစာအနီး သာယာကုန်းရှိ စိန်စိန်ကုမ္ပဏီ လုပ်ကွက်အဟောင်းတွင် ယနေ့ဒီဇင်ဘာလ၂၂ရက် နံနက် ၃ နာရီခွဲ အချိန်ခန့်တွင် မြေစာပြိုကျမှုဖြစ်ပွါးပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေချိန်တွင် ရိုက်ကူးထားသည့် ရုပ်သံဖိုင်ဖြစ်သည်။

ဖားကန့်မြို့တွင် တပတ်အတွင်း မြေစာပြိုကျမှု နှစ်ကြိမ်ဖြစ်ပွါးခဲ့ပြီး ယခုအကြိမ် ပြိုကျမှုနှင့် ဒီဇင်ဘာလ ၁၈ရက်ညက ပြိုကျမှုတို့ ဖြစ်သည်။ အဆိုပါ မြေစာပြိုကျမှုများတွင် ရေမဆေးသမား အမြားအပြား ပျောက်ဆုံးနေသည်။

ဒီဇင်ဘာလ ၁၈ရက်ညတွင် မနကျေးရွာနဲ့ဆိုင်ဂျာဘွမ်ကျေးရွာအနီးရှိ စုပေါင်းစွန့်ပစ်မြေစာပုံ ပြိုကျပြီးလူ ခြောက်ဦးထက်မနည်း သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly