အလုပ်သမားပြဿနာများကို ဖြေရှင်းရန်ပျက်ကွက်မှုကြောင့် ဆူဒန်တရား ရုံးချုပ်က တရုတ်ပိုင်ဖက်စပ်ကုမ္ပဏီ တာဝန်ရှိသူများကို ဝရမ်းထုတ်

အလုပ်သမားပြဿနာများကို ဖြေရှင်းရန်ပျက်ကွက်မှုကြောင့် ဆူဒန်တရား ရုံးချုပ်က တရုတ်ပိုင်ဖက်စပ်ကုမ္ပဏီ တာဝန်ရှိသူများကို ဝရမ်းထုတ်

တရုတ်အခြေစိုက် CNPC အပါအဝင်ကုမ္ပဏီ ၂ခုမှ ပိုင်ဆိုင်သည့်ဖက်စပ်ကုမ္ပဏီ PetroDar Operating Company (PDOC) သည် အလုပ်သမားပြဿနာများကို ဖြေရှင်းရန်ပျက်ကွက်မှုကြောင့် ဆူဒန်တရား ရုံးချုပ်က ဝရမ်းထုတ်ပြန်ခဲ့သည်။

PDOC သည် မလေးရှား ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီPetronas နှင့် တရုတ်၏ အထင်ကရ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီကြီး CNPC တို့ ဆူဒန်တွင် ပူးတွဲလုပ်ကိုင်သည့်ဖက်စပ်ကုမ္ပဏီတစ်ခုဖြစ်ကြောင်း Financial Post က ဆိုသည်။

Petronas နှင့် CNPC မှ မန်နေဂျာများအား ဖမ်းဆီးမိန့်ကို ၂၀၂၁ခုနှစ် အောက်အောက်တိုဘာ ၁၁ရက်တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယခင်အစိုးရများလက်ထက်တွင် တရားမဝင်နည်းလမ်းများဖြင့်ဆောင်ရွက်ချက်များကြောင့် ယင်းကုမ္ပဏီများ၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ရန်လည်း ဆူဒန်အစိုးရက စီစဉ်နေကြောင်း Financial Post တွင် ဖော်ပြထားသည်။

၂၀၁၈ခုနှစ်တွင် အလုပ်သမားများက လုပ်ခလစာများမရသဖြင့် တရားရုံးသို့ မကြာခဏ ဦးတိုက်လျှောက်ထားမှု ကို မဖြေရှင်းသဖြင့် PDOC ၏ လုပ်သား ၆၀ဝ ခန့်ရှိသော လုပ်ငန်းခွင်တစ်ခုကိုလည်း ပိတ်ပစ်ခဲ့သည်။

ယခင်အစိုးရကာလအတွင်း အချိန်ပိုကြေး ဒေါ်လာ ၅ ဒသမ ၅သန်းခန့် ပေးရမည်ကို ငြင်းဆိုသဖြင့် ဆူဒန်၏ အလုပ်သမားအက်ဥပဒေစည်းမျဉ်းများကို ကုမ္ပဏီက ချိုးဖောက်နေသည်ဟု စွပ်စွဲခံရသည်။

ဖမ်းဆီးမိန့် ထုတ်ပြန်အပြီးတွင် CNPC နှင့် Petronas ဌာနမန်နေဂျာများသည် နိုင်ငံတွင်း မှ အလျင်အမြန် ထွက်ခွာခဲ့ကြသည်။

အခြားဖြစ်ရပ်တစ်ခုတွင် ဖြုတ်ချခံခဲ့ရသည့် ဆူဒန်ခေါင်းဆောင် အယ်လ်ဘာရှား လက်ထက်က တရားမဝင်သော နည်းလမ်းများဖြင့် အကျိုးအမြတ်များရယူခဲ့သော Petronas ၏ ပိုင်ဆိုင်မှုများကို ဆူဒန်အသွင် ကူးပြောင်းရေးအစိုးရသိမ်းယူရန်ကြိုးပမ်းလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags