အသံထက်မြန်သော လက်နက်များ အမြန်ဆုံး ထုတ်လုပ်ရန် အိန္ဒိယကာကွယ်ရေးဝန်ကြီး တိုက်တွန်း

အသံထက်မြန်သော လက်နက်များ အမြန်ဆုံး ထုတ်လုပ်ရန် အိန္ဒိယကာကွယ်ရေးဝန်ကြီး တိုက်တွန်း

တရုတ်၊ ရုရှားနှင့် အမေရိကန်တို့က အသံထက် ၅ ဆမြန်သည့် ဝေဟင်ပစ်လက်နက်သစ်များကို တက်ကြွစွာ ထုတ်လုပ်နေချိန်တွင် အိန္ဒိယနိုင်ငံအနေဖြင့် ပြိုင်ဘက်များကို စစ်အင်အား ယှဉ်နိုင်ရန် အလားတူလက်နက်များ ထုတ်လုပ်ရေးအတွက် ကာကွယ်ရေးဝန်ကြီး ရာဂျ်နက်ဆင်းက ကာကွယ်ရေးဆိုင်ရာ သုတေနသနှင့် ဖွံ့ဖြိုးရေး အဖွဲ့ (DRDO) အား ညွှန်ကြားလိုက်သည်။

လက်ရှိအခြေအနေတွင် အိန္ဒိယအနေဖြင့် အသံထက်မြန်သည့် နည်းပညာအသုံးပြု ဒုံးကျည်(HSTDV) ကို မြန်နှုန်းမြင့် ဂျက်အင်ဂျင်တွန်းအားဖြင့် စမ်းသပ်ပစ်လွှတ်ခြင်းကို လာမည့်နှစ်အစောပိုင်း၌ ပြုလုပ်ရန် ပြင်ဆင်လျက်ရှိကြောင်း သတင်းရင်းမြစ်များက ပြောကြားသည်။

ယမန်နှစ် စက်တင်ဘာလအတွင်းက ပထမဆုံးအကြိမ် စမ်းသပ်ပစ်လွှတ်လိုက်သည့် HSTDV သည် အသံထက်မြန်သည့် တာဝေးပစ်လက်နက်များကို လာမည့် ၄-၅ နှစ်အတွင်း တီထွင်ထုတ်လုပ်နိုင်ရေးအတွက် အရေးပါသည့် အခြေခံ အုတ်မြစ်တစ်ရပ် ဖြစ်သည်။ အသံထက်မြန်သည့် လက်နက်ကို ရွှေ့ပြောင်းနိုင်သည့် ပစ်စင်မှ ဖြစ်စေ၊ မြန်နှုန်းမြင့် ဂျက်အင်ဂျင်ဖြင့် တွန်းသည့် ခရုဇ်ဒုံးကျည်မှ ဖြစ်စေ ပစ်ခတ်နိုင်သည်။

ကာကွယ်ရေးဝန်ကြီးက ဒီဇင်ဘာ ၁၄ ရက်တွင် DRDO ၏ အခမ်းအနားတစ်ခု၌ ပဲ့ထိန်းဒုံးကျည် ကာကွယ်ရေးစနစ်များသည် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုအဆင့်မြင့်လာကြောင်း၊ မိမိတို့နို်ငငံအား လုံလောက်သည့် ကာကွယ်မှုမျိုးပေးနိုင်ရန် လိုအပ်မည်ဖြစ်သောကြောင့် အသံထက်မြန်သည့် ပဲ့ထိန်းဒုံးကျည်များ တီထွင်ရေးအတွက် အမြန်ဆုံး စဉ်စားကြရန်လိုအပ်ကြောင်းနှင့် မိမိတို့နို်ငငံ၏ ကာကွယ်ရေးကဏ္ဍတွင် တိုးတက် ပြောင်းလဲမှုများ ဖြစ်ထွန်စေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါအခမ်းအနားတွင် ဆင်းက ပြည်တွင်းဖြစ် ဒရုန်းဖျက်စနစ်၊ စမတ်နည်းပညာသုံး လေကြောင်းရန် ကာကွယ်ရေးလက်နက်တို့ကိုလည်း တရားဝင်လွှဲပြောင်း ပေးအပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly