တရုတ်ကျောင်းသားများ ရှီကျင့်ဖျင်အတွေးအခေါ်များ သွပ်သွင်းခံနေရ

By The Hong Kong Post
22 December 2021
တရုတ်ကျောင်းသားများ ရှီကျင့်ဖျင်အတွေးအခေါ်များ သွပ်သွင်းခံနေရ

စက်တင်ဘာလတွင် စတင်ခဲ့သော ပညာသင်နှစ်သစ်၏ ပထမ စာသင်နှစ်၏ တစ်ဝက်၏ လမ်းခုလတ် ရောက်ချိန်အထိ သန်းနှင့်ချီသော တရုတ်နိုင်ငံရှိ အစိုးရကျောင်းဆရာများသည် ၎င်းတို့၏ ချက်ချင်းဦးစားပေး အစီအစဉ်ကို ပြတ်ပြတ် သားသား မသိရသေးဘဲဖြစ်နေပြီး၊ ကျောင်းသားများ ကိုဗစ်ကူးစက်မှုမရှိစေရန် တင်းကျပ်သည့် ကိုဗစ်တိုက်ဖျက်ရေး အစီအမံများကို အကောင်းအထည်ဖော်ရမည်လား သို့မဟုတ် အဘိုး ရှီကျင့်ဖျင်၏ ၂၀၂၁ခုနှစ်တွင် မိတ်ဆက် သည့် နောက်ဆုံး ဘာသာရပ်နှင့် ပတ်သက်၍ ပြင်းထန်သော ဗဟုသုတ ရရှိရန် ကျောင်းသားများကို သင်ကြားပေးရမည်လား ဆိုသည်ကို သဲသဲကွဲကွဲမသိဖြစ်နေသည်။

ရှီခေတ်သစ်အတွက် တရုတ်ဝိသေသလက္ခဏာများနှင့် ဆိုရှယ်လစ်ဝါဒဆိုင်ရာ ရှီကျင့်ဖျင်အတွေးအခေါ် ဘာသာရပ်ကို ၂၀၂၁ခုနှစ် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်း သင်ရိုးညွှန်းတမ်းတွင် တိုးချဲ့ထည့်သွင်းခဲ့သည်။

ကျောင်းသားများသည် ကျောင်းမှထွက်ရန် အဆင်သင့်ဖြစ်နေချိန်တွင် ဘဝနှင့် ပတ်သက်သည့် ရှီ၏ ဒဿနကို သိနားလည်သဘောပေါက်ရန် မျှော်လင့်နေသည်။

အနောက်တိုင်းမီဒီယာ အစီရင်ခံစာတစ်ခုတွင် သမ္မတသည် “အရာရာတိုင်းတွင် အငြင်းပွားစရာမရှိသော အခွင့်အာဏာပိုင်သူ” ဟု အငေါ့တူးရေးသားခဲ့သည့်အတိုင်း တူညီသောအချက်ကို သင်ကြားသည့် တရုတ်ကျောင်းစနစ်တွင် ပြဌာန်းစာအုပ်အသစ်များကို မိတ်ဆက်ပေးခဲ့သည်။

တရုတ်အမျိုးသားကျောင်းသုံးစာအုပ်ကော်မတီသည် ကျောင်းမှသည် တက္ကသိုလ်အထိ သင်ရိုးညွှန်းတမ်း များတွင်“စီးပွားရေး၊ နိုင်ငံရေး၊ တရားဥပဒေစိုးမိုးရေး၊ သိပ္ပံနှင့် နည်းပညာ၊ ယဉ်ကျေးမှု၊ ပညာရေး၊ လူမျိုးရေး မူဝါဒ၊ ဘာသာရေး၊ နိုင်ငံတော် ကာကွယ်ရေး၊ ဂေဟစနစ် ယဉ်ကျေးမှု၊ ပါတီ- တည်ဆောက်ခြင်းနှင့် သံတမန်ရေးရာ”ဆိုင်ရာ ရှီကျင်ဖျင်၏ အမြင်အားလုံးကို မိတ်ဆက်သင်ကြားပေးမည်ဖြစ်သည်။

စာသင်နှစ်သစ်၏ ပထမဆုံးနေ့သည် ကျောင်းသားများ၏ အဘိုးအဘွားများနှင့် မိဘများအတွက် ခံစားချက်ဟောင်းများကို ပြန်လည်ဖြစ်ပေါ်စေမည်ဖြစ်သည်။

မျိုးဆက်ဟောင်းများသည် အလားတူ ပညာရေးဆိုင်ရာ အတွေ့အကြုံကို ကြုံတွေ့ခဲ့ရပြီး မော်စီတုံးအကြောင်း အရာအားလုံးကို ဖိအားပေးသင်ယူခဲ့ရသည်။

အဖိုးတိန့်ရှောင်ပင်နှင့် အဘိုး ဝမ်ကျားပေါင်တို့ခေတ်ကို ဂုဏ်ပြုသော ပြဌာန်းစာအုပ်များဖြင့် ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုကို နောင်လာနောက်သားများထံ လက်ဆင့်ကမ်းပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly