သာကေတ ရှူခင်းသာ စည်ပင်ရုံးအနီး ဗုံးကွဲ

သာကေတ ရှူခင်းသာ စည်ပင်ရုံးအနီး ဗုံးကွဲ

ဒီဇင်ဘာ ၂၁

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ရှူခင်းသာ ပတ်လမ်းအနီး၊ (၅) ရပ်ကွက် ဈေးလမ်းအတွင်းရှိ စည်ပင်ရုံးအနီးတွင် ယမန်နေ့ ဒီဇင်ဘာလ ၂၀ ရက် ည ၇ နာရီ ၁၀ မိနစ်ဝန်းကျင်က ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့သည်။

အဆိုပါ ဗုံးဖောက်ခွဲမှုကို People Defence Force - Unity အဖွဲ့က လုပ်ဆောင်ခဲ့ပြီး လူထိခိုက်မှုမရှိဘဲ သတိပေး ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"အဲ့စည်ပင်ရုံးက စစ်ခွေးတွေနဲ့ ပတ်သက်မှု ရှိတယ်ဆိုတာ သိရတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့ Silent Strike မှာ ပါဝင်တဲ့ ဈေးသည်တွေကိုလည်း ရုံးခေါ်ပြီး ဒဏ်ငွေဆောင်ခိုင်းတယ် ဆိုတာလည်း သိရတာဗျ။ အဲ့ဒါကြောင့် ကျွန်တော်တို့ သတိပေးတဲ့အနေနဲ့ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒလန် အဝင်အထွက်လည်းများတယ်" ဟု ၎င်း အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ဒီဇင်ဘာလ ၃ ရက်နေ့ကလည်း သာကေတမြို့နယ် ဇင်္ဂမလမ်းပေါ်ရှိ KBZ ဘဏ်အနီး ဖောက်ခွဲခဲ့ပြီး အနီးရှိ ယာဉ်ထိန်းရဲကင်းကို မီးရှို့ရာ မီးသတ်ဝန်ထမ်းများ တွေ့ရှိသွားသည့်အတွက် ပျက်ပြားခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly