ပုလဲမြို့တွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရွာရှိ အိမ်နှင့်ပစ္စည်းများ မီးလောင်ပျက်စီး

ပုလဲမြို့တွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရွာရှိ အိမ်နှင့်ပစ္စည်းများ မီးလောင်ပျက်စီး

ဒီဇင်ဘာလ ၂၀ ရက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင်  စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၁၇ရက် နေ့လယ်ပိုင်းတွင်  အနီးရှိ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အိမ်များနှင့် ပစ္စည်းများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်က ပြောသည်။

ပုလဲမြို့နယ် နဂါးမတောင်ထိပ်အလွန် မြစ်ကျတံတားအနီးတွင် စစ်ကောင်စီ ယာဉ်တန်းနှင့် ခြေလျင်တပ်ကို ဒေသခံ ကာကွယ်ရေးတပ်က တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ယင်းသို့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ 

စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သရက်လှရွာအနောက်ဘက် ကန်ကြီးတောချောင်ရှိ နေအိမ်တစ်လုံး၊ ဆိုင်ကယ် သုံးစီး၊ စပါး နှင့် နှမ်းများ  မီးလောင်ကျွမ်းခဲ့သည်ဟု ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) ခေါင်းဆောင် ဗိုလ်နဂါးက ပြောသည်။ 

ပုလဲ-ဂန့်ဂေါ လမ်းပိုင်း ကိုးလောင်းကွေ့နှင့် နဂါးမတောင်ခြေကြားတွင် စစ်ကောင်စီ ယာဉ်တန်းနှင့် ခြေလျင်တပ်ကို ဒီဇင်ဘာလ ၁၇ရက်တွင် ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ငါးကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ 

ထိုသို့တိုက်ခိုက်ခဲ့ရာ လေးကြိမ်မြောက် တိုက်ခိုက်ခဲ့သည့် ဝမ်းဘဲချိုင့်အရှေ့ရွာသည် ယခု လက်နက်ကြီးဖြင့် ပစ်ခံရသည့် ကန်ကြီးတောချောင်နှင့် အနီးဆုံးရွာလည်းဖြစ်သည်။ 

ဒီဇင်ဘာလ ၁၈ ရက်တွင် စစ်ကောင်စီ၏ ယာဉ် ၅၄စီးပါ ယာဉ်တန်း  နှင့် အင်အား ၁၅၀ ခန့်ရှိ ခြေလျင်တပ်ကို တစ်ဖက်ပွင့်စိန်ပြောင်း၊ ပဒေသာမိုင်းများဖြင့် ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

"ဒီကောင်တွေက ဒီ့အရင်နေ့တွေထဲက ပုလဲနယ်ထဲ ရောက်လာပြီး မိုင်းဆွဲခံရ၊ ချောင်းပစ်ခံရနဲ့ ဖြည်းဖြည်းချင်းရွေ့နေတာ၊ မနေ့ကလည်း မနက်ပိုင်းမှာ နဂါးမတောင်မရောက်ခင်အထိ တောက်လျှောက်ဆွဲခံလာရတာ။ တောင်ကိုကျော်လာတော့လည်း ကျွန်တော်တို့က ထပ်ဆွဲတယ်။ ပထမဆုံး ကားကို စိန်ပြောင်းနဲ့ပစ်လိုက်

တယ်။ ကားကကန့်လန့်ကြီးဖြစ်ပြီး ကားမောင်းတဲ့ကောင်ရော ဘေးကကောင်ရော သေတာပဲ" ဟု PPDF ခေါင်းဆောင် ဗိုလ်နဂါးက မဇ္ဈိမကို ပြောသည်။ 

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ အများအပြားသေဆုံးကာ ဒဏ်ရာရရှိသူများလည်း အများအပြားရှိနိုင်ပြီး  အရေအတွက် အတိအကျကိုမူအတည်မပြုနိုင်သေးကြောင်း ၎င်းကပြောသည်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required