နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ သဘာဝဘေး အမှုအတွက် ဒေါက်တာဇော်မြင့်မောင် Video Conferencing ဖြင့် သက်သေထွက်ဆိုမည်

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ သဘာဝဘေး အမှုအတွက် ဒေါက်တာဇော်မြင့်မောင် Video Conferencing ဖြင့် သက်သေထွက်ဆိုမည်

ဒီဇင်ဘာ ၂၀

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အေင်ဆန်းစုကြည်အား စွဲဆိုထားသော သဘာဝဘေး အမှု နှစ်မှုအနက် ဆက်လက်စစ်ဆေးရန် ကျန်ရှိနေသည့် တစ်မှုအတွက် ဒေါက်တာဇော်မြင့်မောင် တရားလိုပြ သက်သေအဖြစ် ထွက်ဆိုရန် ရှိနေသည်။

ယင်းအတွက် ဒေါက်တာဇော်မြင့်မောင်အား ဒီဇင်ဘာ ၂၇ ရက်တွင် Video Conferencing ဖြင့် စတင် စစ်ဆေးမည် ဖြစ်ကြောင်း ယနေ့ ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသည့် ပို့ကုန်သွင်းကုန်နှင့် ဆက်သွယ်ရေးအမှု အပြီးသတ် အမိန့်ချမည့်ရက်တွင် တစ်ဆက်တည်း ချိန်းဆိုလိုက်ခြင်း ဖြစ်သည်ဟု တရားရုံးနှင့် နီးစပ်သူအချို့က ဆိုသည်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပို့ကုန်သွင်းကုန် ပုဒ်မ (၈) နှင့် ဆက်သွယ်ရေး ပုဒ်မ (၆၇) အမှု အတွက် ယနေ့ အပြီးသတ်အမိန့် ချရန်ရှိသော်လည်း တရားသူကြီးက မည်သည့် အကြောင်းပြချက်မှ မပေးဘဲ ရက်ရွှေ့ဆိုင်း လိုက်သည်။

ဒေါက်တာဇော်မြင့်မောင်အား တရားလိုပြ သက်သေထွက်ဆိုရန် တရားရုံးက နှစ်ကြိမ်ဆင့်ခေါ်ထား သော်လည်း ခရီးသွားခွင့် မရှိဟုဆိုကာ သက်သေ ထွက်ဆိုခွင့် အတွက် ထောင်အာဏာပိုင်များ၏ တားမြစ်ခံထားရခြင်းလည်း ဖြစ်သည်။

ယင်းကြောင့် အခြားနည်းဖြင့် သက်သေထွက်ဆိုရန် တရားသူကြီးက ရှေ့နေအဖွဲ့ကို ပြောဆိုခဲ့ရာ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် Video Conferencing ဖြင့် သက်သေစတင် ထွက်ဆိုမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required