ကန့်ဘလူ PDF လက်ချက်ဖြင့် စစ်ကောင်စီတပ် ဗိုလ် ၁ဦး အပါအဝင် ၁၂ ဦးသေဆုံး

ကန့်ဘလူ PDF လက်ချက်ဖြင့် စစ်ကောင်စီတပ် ဗိုလ် ၁ဦး အပါအဝင် ၁၂ ဦးသေဆုံး

ထွန်းထွန်းဝင်း

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် နှင့်ကောလင်းခရိုင်ကြားရှိ ဝက်သအင်းကျေးရွာ အရှေ့ဖက်တောင်ကုန်း တွင် အင်အား ၁၂၀ ခန့်ဖြင့်တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီ၏တပ်မ (၇၇) ကို ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တို့ တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ် ဗိုလ်တစ်ဦးအပါအဝင် ၁၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ကျနော်တို့ကင်းထောက်ကို လှမ်းပစ်တာ။ အဲဒါနဲ့ကျနော်တို့ စစ်ကောင်စီတပ်ကို စောင့်ကြည့်နေကြတယ်။ သူတို့နဲ့ ကိုက် ၂၀၀ ၊ ၃၀၀ ရာမှာ တိုက်ဖို့ ရည်ရွယ်ထားကြတယ်။ အရှေ့က တပ်က ဝက်သက်အင်းကျေးရွာထဲကို ဝင်နေကြပြီး ရွာအပြင်ရဲ့ နှမ်းခင်း နဲ့ ပဲ စိုက်ထားတဲ့လယ်ကွင်းထဲမှာ သူတို့စစ်ကြောင်းရဲ့ အနောက်ဆုံး အပိုင်းပေါ့ အယောက် ၃၀၊ ၄၀ ရှိမယ်။ အဲဒီအပိုင်းကို ကျနော်တို့အဖွဲ့သုံးဖွဲ့ က လက်လုပ်အာပီဂျီ ပေါ့ သူက လက်လုပ် ခဲသီး ၈လုံး ပါတယ်။ နောက် ၃၀ မမ၊ ရှောဒုံး နဲ့ တစ်တောင့်ထိုး နဲ့ တိုက်ခိုက်တာပါ။ စုစုပေါင်း ကိုး ချက်ပစ်ခွင့်ရခဲ့တယ်။ သူတိုဘက်က သုံးပွင်နဲ့ အရာရှိအပါအဝင် ၁၂ဦးသေဆုံးတယ်တယ်။ ၁၅ ဦးဒဏ်ရာရတယ်ဆိုတာကိုပြန်သိရတယ် “ ဟု Kanbalu TIGER Rangers ရဲ့ တာဝန်ရှိသူ ဗိုလ်တိုက်ဂါးက မဇ္ဈိမသတင်းဌာနကိုပြောသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သည့် ကန့်ဘလူမြို့နယ် ဝက်သအင်းကျေးရွာ အနီးတွင် အာဏာသိမ်းစစ်ကောင်စီတပ် ပဲခူးတိုင်းအခြေစိုက် တပ်မ(၇၇) တပ် နှင့် ဒေသခံ Kanbalu TIGER Rangers ၊ ကန့်ဘလူတော်ညီနောက်တပ်ဖွဲ့နှင့် ကျွန်းလှ Underground တပ်ဖွဲ့ဝင် ၃၅ဦးခန့် တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Kanbalu TIGER Rangers က ဒီဇင်ဘာလ ၁၉ ရက်နေ့ ညပိုင်းအချိန်က သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်ကမှာ လက်နက်ကြီးများ ၊ စက်သေနတ်များ အသုံးပြုတိုက်ခိုက်မှုပြုလုပ် ခဲ့ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဘက်မှာ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲမဖြစ်ပွားချိန်တွင် ဝက်သက်အင်းကျေးရွာဒေသခံများက နီးစပ်ရာ တောများသို့ ထွက်ပြေးတိမ်းရှောင်မှုများ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းရှိ ကြက်၊ဝက်၊ဘဲများကို သတ်ဖြတ်စားသောက်မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆက်လက်ပြီး Kanbalu TIGER Rangersရဲ့ ဗိုလ်တိုက်ဂါးက “ တိုက်ပွဲပြီးတော့ ပြန်ခွာကြာတယ်။ ဒူးတို့ခြေထောက်တို့အသေးစားတော့ထိမိတာရှိတယ်။ သေသွားတဲ့လူတွေကို ကားတစ်စီးလာခေါ်တယ်ဆိုတာ ဒေသခံတွေကပြောကြတယ်။ အဲလူတွေကို ဝက်သက်အင်းကနေ မုံရွာဆေးရုံကိုသယ်သွားကြတာ။ လမ်းမှာသေသတယ်ဆိုတာလည်းသိရတယ်။ ဒေသခံတွေကိုအန္တရယ်ဖြစ်မှာဆိုးလို့ နဲ့ သတင်းအတည်ပြုနေတာကို စောင့်လို့ သတင်းထုတ်ပြန်တာနောက်ကြသွားတာပါ။ သုံးပွင့် နဲ့တစ်ယောက် နဲ့ ကျန်တာက ရိုးရိုးတပ်သားပဲထင်တယ်။ လက်လုပ်နဲ့ပစ်တာ သူတို့နောက်ဆုံးကလူတွေတော်တော်အထိနာသွားကြတာ ။ သုံးပွင့်နဲ့တစ်ယောက်ရဲ့နာမည်နဲ့ကိုယ်ပိုင်နံပတ်တော့မသိသေးပါဘူး “ ဟုထပ်မံဖြေကြားသည်။

Kanbalu TIGER Rangers ရဲ့သတင်းထုတ်ပြန်ချက်တွင် စစ်ကောင်စီရဲ့တပ်မ (၇၇) တပ်ဘက်တံဆိပ် နှင့် သုံးပွင်အမှတ်သားပါ စစ်အကျ်ီနင့် ရိုးရိုးတပ်သားအဝတ်အစားများ၊ ကျည်ဆံများ နှင့် ဗုံးသီးကျည်ဆံများ နှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးကြောင်း သတင်းထုတ်ပြန်ထားသော်လည်း မဇ္ဈိမသတင်းဌာနအနေဖြင့် သီးခြားတည်ပြုနိုင်ခြင်းမရှိပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required