ကျုံပျော်မြို့နယ်တွင် Mytel တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရ

ကျုံပျော်မြို့နယ်တွင် Mytel တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရ

ဒီဇင်ဘာလ ၁၈ ရက်

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ ချင်းယားအုပ်စု၊ ဂျုံးဂျုံးကျ ကျေးရွာအနီးတွင်ရှိသော Mytel တာဝါတိုင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ ဒီဇင်ဘာလ ၁၈ ရက် မနက် ၃ နာရီခန့်တွင် မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း ကျုံပျော်မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် တာဝါတိုင်အောက်ခြေရှိ စက်များနှင့် ဝါယာကြိုးများအားလုံးပျက်စီးသွားခဲ့သည်ဟု သိရပြီး ကျုံပျော်မြို့ပြပြောက်ကျားနှင့်

အခြားမဟာမိတ်အဖွဲ့နှစ်ဖွဲ့ပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်က ပြောသည်။

မိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်နှင့် ရဲများက ဂျုံးဂျုံးကျ ကျေးရွာအနီးတွင် စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟုလည်း ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required