ခွေးတွေအတွက် မိစန္ဒီအလှူခံ

ခွေးတွေအတွက် မိစန္ဒီအလှူခံ

ရန်ကုန်တိုင်း ရွှေပေါက်ကံ မြို့နယ်ခွဲ ပုလဲမေတ္တာ တိရစ္ဆာန်စောင့်ရှောက်ရေး ဂေဟာတွင် စောင့်ရှောက်ထားသည့် ခွေးများအတွက် အစာအဟာရနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် အဆိုတော် မိစန္ဒီက သူ၏လူမှုကွန်ယက်မှ တစ်ဆင့် အလှူခံနေသည်။

“ပုလဲမေတ္တာ" တိရစ္ဆာန်စောင့်ရှောက်ရေး ဂေဟာတွင် စောင့်ရှောက်ထားတဲ့ သနားစရာခွေးလေးတွေ လက်ရှိ အကောင်ရေ ၂၅၀ ကျော်ရှိပါတယ်ရှင်.. ခွေးလေးများကို သဘာဝအတိုင်း ရှင်သန်နိုင်ရေးနဲ့ ကျန်းမာရေး အစားအသောက် အဆင်ပြေစေရန် အလှူရှင်များအား ဖိတ်ခေါ်ပါတယ်ရှင်” ဟု မိစန္ဒိက ရေးသားသည်။

ရန်ကုန်မြို့ ကန်တော်ကြီး ဥယျာဉ်အတွင်းရှိ ချစ်သူများကျွန်းတွင် ခွေးများအတွက် ရန်ပုံငွေဈေးရောင်းပွဲတော်ကို ဇန်နဝါရီလ (၄) ရက်နေ့က ပြုလုပ်ခဲ့ပြီး ဈေးရောင်းပွဲတွင် အဆိုတော် မိဆန္ဒီလည်း တက်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly