တရုတ်က ဝီဂါလူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း ဝီဂါခုံသမာဓိအဖွဲ့မှ ဆုံးဖြတ်

တရုတ်က ဝီဂါလူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း ဝီဂါခုံသမာဓိအဖွဲ့မှ ဆုံးဖြတ်

လန်ဒန်အခြေစိုက် လွတ်လပ်သောခုံသမာဓိအဖွဲ့သည် လပေါင်းအတော်ကြာ ကြားနာစစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်ပြီးနောက် တရုတ်အစိုးရသည် ရှင်ကျန်းပြည်နယ်ရှိ ဝီဂါများနှင့် အခြားတိုင်းရင်းသားလူနည်းစုများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။

ရှင်ကျန်းဒေသရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဗြိတိန်အခြေစိုက် ရှေ့နေများနှင့် လူ့အခွင့်အရေး ကျွမ်းကျင်သူများက စစ်ဆေးပြီးနောက် ခုံသမာဓိအဖွဲ့က ယခုဆုံးဖြတ်ချက်ကို ကြေညာခဲ့ခြင်းဖြစ်သည်။

ကြားနာစစ်ဆေးမှုကို ၂၀၂၁ ခုနှစ် ဇွန်လ၊ စက်တင်ဘာလနှင့် နိုဝင်ဘာလများတွင် ပြုလုပ်ခဲ့ပြီး ယင်းကာလအတွင်း ခုံရုံးမှ ကျွမ်းကျင်သူအဖွဲ့က ရာနှင့်ချီသော မျက်မြင်ထွက်ဆိုချက်များကို ပြန်လည်သုံးသပ်ကာ တရုတ်၏ ဖိနှိပ်မှုမူဝါဒများအပါအဝင် ကျွမ်းကျင်သက်သေများထံမှ အတွေ့အကြုံများနှင့်ပတ်သက်သော သက်သေ ၃၀ ထက်မနည်း၏ တိုက်ရိုက်သက်သေထွက်ဆိုချက်များကို ကြားနာခဲ့သည်။ " ဝီဂါမွေးဖွားမှုကို ကန့်သတ် လျှော့ချတာတွေလုပ်ပြီး ဝီဂါနဲ့ အခြားတိုင်းရင်းသားလူနည်းစုဦးရေကိုရေရှည်မှာ လျော့နည်းအောင်လုပ်ဆောင်ခြင်းအားဖြင့် တရုတ်နိုင်ငံဟာ ရှင်ကျန်းမှာရှိတဲ့ လူဦးရေကို သင့်မြတ်အောင်လုပ်မယ့်ရည်ရွယ်ချက်ဆိုတဲ့ စနစ်တကျပြီး စုပေါင်းအားထုတ်တဲ့ ပေါ်လစီကို ဟန်ဆောင်တီထွင်ထားပါတယ်” ဟု ခုံသမာဓိရုံးဥက္ကဋ္ဌ ဂျော့ဖရေးနိုက်စ်က ဒီဇင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC)နှင့်တရုတ်ကွန်မြူနစ်ပါတီ (CCP) တို့မှ အကြီးတန်းအရာရှိများသည် ရှင်ကျန်းဒေသ လုပ်ရပ်များအတွက် အဓိကတာဝန်ရှိသည်ကို လက်ခံကြောင်း ၎င်းက ပြောကြားခဲ့သည်။

"PRC သည် ဝီဂါယဉ်ကျေးမှုလက္ခဏာနှင့် ချိတ်ဆက်မှုများကို ချေမှုန်းရန် ရည်ရွယ်ချက်ဖြင့် ကလေးများအား ၎င်းတို့၏ မိသားစုများမှထံမှ နိုင်ငံတော်စောင့်ရှောက်မှုအဖြစ်သို့ ခွဲထုတ်ခြင်းဆိုင်ရာ တမင်ရည်ရွယ်သော မူဝါဒကို စတင်သည်ကိုလည်း ခုံသမာဓိရုံးက လက်ခံသည်” ဟု ဂျော့ဖရေးနိုက်စ်ဆိုသည်။

ဝီဂါနှင့် အရှေ့တာကစ္စတန်ရှိ အခြားသော တာကစ်လူမျိုးများအပေါ်တရုတ်ကွန်မြူနစ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်သော ပြစ်မှုများသည် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်

ရာဇဝတ်မှုများဖြစ်ကြောင်း ဒီဇင်ဘာ ၁၀ ရက်က ကြေညာခဲ့သည့် ခုံသမာဓိအဖွဲ့၏ အပြီးသတ် ဆုံးဖြတ်ချက်ကို ဘာလင်အခြေစိုက် ကမ္ဘာ့ဝီဂါကွန်ဂရက် (WUC) ကလည်း ကြိုဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly