တရုတ်သမ္မတ ရှီကျင့်ဖျင်လက်ထက်တွင် မီဒီယာများကို ထူးကဲစွာ ဖိနှိပ်မှုများ ဆက်လက်လုပ်ဆောင်နေ

တရုတ်သမ္မတ ရှီကျင့်ဖျင်လက်ထက်တွင် မီဒီယာများကို ထူးကဲစွာ ဖိနှိပ်မှုများ ဆက်လက်လုပ်ဆောင်နေ

သဘောထားအမြင် လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ နိုင်ငံတကာ ကတိကဝတ်များ ကို တရုတ်၏ ချိုးဖောက်မှုများသည် လက်ရှိအစိုးရလက်ထက်တွင် သိသိသာသာ မြင့်တက်လာခဲ့သည်။

မကြာသေးမီ နှစ်များအတွင်း သတင်းပညာနှင့် ကမ္ဘာတစ်ဝန်းသတင်းရယူပိုင်ခွင့်ကို ဆန့်ကျင်သည့်မကြုံစဖူး ဖိနှိပ်ချုပ်ချယ်မှုများကို တရုတ်အစိုးရက ဦးဆောင်ပြုလုပ်နေခြင်းကို သတင်းတစ်ရပ်တွင် ဖော်ပြခဲ့ပြီး တရုတ်တွင် သတင်းစာပညာအကြီးအကျယ်နောက်ပြန်ဆုတ်ခြင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

အထူးသဖြင့် အစီရင်ခံစာတွင် တရုတ်အစိုးရ၏ သတင်းသမားများကို ဖိနှိပ်ချုပ်ချယ်သည့် လက်နက်ကိရိယာ များနှင့် တစ်ချိန်က သတင်းလွတ်လပ်ခွင့်စံနမူနာဖြစ်သည့် ဟောင်ကောင်တွင် သတင်းလွတ်လပ်ခွင့် ယိုယွင်းလာနေခြင်းကို ဆန်းစစ်ထားပြီး ယခုအခါ နိုင်ငံတော်လုံခြုံရေးအရ ဖမ်းဆီးခံရသည့် သတင်းထောက် အရေအတွက် တိုးလာနေသည်။

အဆိုပါအစီရင်ခံစာသည် နယ်စည်းမခြား သတင်းထောက်များအဖွဲ့(RSF) မှဖြစ်ပြီး သတင်းထောက်များအား တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ အာဘော်အတိုင်းရေးသားရန် တွန်းအားပေးခြင်းကိုလည်း ထုတ်ဖော်ထား သည်။

အစီရင်ခံစာအရ သတင်းထောက်အသိအမှတ်ပြုကဒ်များကို လက်ခံခြင်းနှင့် သက်တမ်းတိုးရန်အတွက် ဂျာနယ်လစ်များသည် ရှီကျင့်ဖျင်၏ "အတွေးအခေါ်" များကို အစိတ်တစ်ပိုင်းအားဖြင့် လေ့ကျင့်ပေးသည့် နှစ်စဉ် နာရီ ၉၀ ကြာ သင်တန်းကို တက်ရောက်ကြရသည်။

တရုတ်အစိုးရသည် မီဒီယာအပေါ် ကွန်မြူနစ်ပါတီ၏ ထိန်းချုပ်မှုကို ပိုမိုခိုင်မာစေမည့် အစီအစဉ်များကို လည်း ဆက်တိုက် လုပ်ဆောင်ခဲ့သည်။

အာဏာထိရောက်ခိုင်မာခြင်းနှင့် နိုင်ငံတကာသတင်းဖော်ပြချက်များတွင် တရုတ်၏ ပုံရိပ်ကို မြှင့်တင်ရန် အရေးကြီးသော ကိရိယာတစ်ခုအဖြစ် မီဒီယာကို တရုတ်အစိုးရက အသုံးချခဲ့သည်။

တရုတ်က ပြည်ပမှ ပညာရှင်များ၊ သတင်းသမားများနှင့် ကျွမ်းကျင်သူများကို ငွေကြေးထောက်ပံ့ပေးကာ ပြည်ပတွင် နေထိုင်သည့် တရုတ်လူမျိုးများအား ထောက်လှမ်းစောင့်ကြည့်နေစဉ် ပြည်တွင်းမီဒီယာများကို ဆင်ဆာဖြတ်နေကြောင်း HK Post က ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly