စစ်ကောင်စီက ဒီပဲယင်းတွင် အရပ်သား ၄ ဦးကို သတ်ဖြတ်

စစ်ကောင်စီက ဒီပဲယင်းတွင် အရပ်သား ၄ ဦးကို သတ်ဖြတ်

ဒီဇင်ဘာလ ၁၁ ရက်။

ဒီပဲယင်းတွင် စစ်ကောင်စီ တပ်ဖွဲ့များက ရွာသား နှစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ပြီး ရွာသား နှစ်ဦးကို ဒုတ်ဖြင့် ရိုက်သတ်ခဲ့သည်ဟု ကြိုးတန်းလန်းဖြင့် ထွက်ပြေးလွတ်မြောက်လာသည့် ရွာသားက ပြောပြသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းအနောက်ခြမ်းရှိ နဂါးတွင်းကျေးရွာတွင် စစ်ကောင်စီတပ်က  နှိပ်စက်သတ် ဖြတ်ထားသည့် ရွာသားလေးဦး၏ အလောင်းများကို ယနေ့တွင် သဂြိုလ်ပေးလိုက်ရသည်ဟု ရွာသားများက ပြောသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်တွင် တွေ့ ရှိခဲ့သည့် ရိုက်နှက်ထားသည့် ဒဏ်ရာများ၊  သေနတ် ဒဏ်ရာများဖြင့် သေနေသည့် ရွာသားလေးဦး၏ ရုပ်အလောင်းများကို သဂြိုဟ်ပေးခဲ့ရသည်ဟု ရွာသား များက ပြောသည်။

အလောင်းများကို သဂြိုလ်ပေးခဲ့သူများထဲက တစ်ဦးက “အလောင်းတွေ အကုန်က ကြိုးတုပ်လျှက်သားဆိုတော့ ဖမ်းမိပြီးမှ သတ်သွားမျိုးပ“ ဟု ပြောသည်။

အသတ်ခံရသူများမှာ ရွာသားများအခေါ် ငတိုးနှင့် ငမိုး အသက် ၄၀ ခန့် နှစ်ဦး၊ ဦးကျော်ဝင်းနှင့် ဦးကံညွှန့် အသက် ၅၅ နှစ်တို့ဖြစ်ကြပြီး နှစ်ဦးကို ဖမ်းဆီးနှိပ်စက်ပြီး သေနတ်ဖြင့်ပစ်သတ်သွားကာ နှစ်ဦးကိုမူ ရိုက်သတ်သွားခြင်း ဖြစ်သည်ဟု အလောင်းများကို သဂြိုလ်ပေးခဲ့သူများက ပြောသည်။ 

စတင်ဖမ်းဆီးစဉ်က ငါးဦးဖြစ်ပြီး ရွာသားတစ်ဦးက စစ်ကောင်စီတပ်သားများ အလစ်တွင် ထွက်ပြေးရာ ကြိုး တန်းလန်းနှင့် လွတ်မြောက်လာခဲ့သည်ဟု သိရသည်။

အင်အား ၆၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့သည် ဒီဇင်ဘာလ ၇ ရက်နေ့က နဂါးကွင်းကျေးရွာသို့ စရောက်လာပြီး နှစ်ရက်ခန့် စခန်းချခဲ့ကာ ဒီဇင်ဘာလ ၁၀ ရက်နေ့ နေ့လည်ပိုင်းတွင် ထွက်သွားပြီးနောက် ရွာသားများ ကျေးရွာ အတွင်း ဝင်ကြည့်ကြစဉ် ယခုကဲ့သို့ အလောင်း ၄ လောက်ကို တွေ့ရှိရခြင်းဖြစ်သည်။

နဂါးတွင်းကျေးရွာသည် အိမ်ခြေ ၆၀၀ ကျော်ခန့်ရှိ ဒီပဲယင်းအနောက်ခြမ်းရွာများထဲတွင် အကြီးဆုံးကျေးရွာ တစ်ရွာ လည်းဖြစ်ပြီး စစ်ကောင်စီတပ်များသည့် နဂါးတွင်းကျေးရွာတွင် စခန်းချထားစဉ် အနီးပတ်ဝန်းကျင် ရှိ ရွာများကို လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများလည်းရှိခဲ့သည်။

စစ်ကောင်စီတပ်၏ ရမ်းသန်းပစ်ခတ်မှုကြောင့် တပ်တည်အနောက်ကျေးရွာတွင် လက်နက်ကြီး ကျည်နှစ်လုံးကျ ရောက်ပြီး ခိုင်းနွားတစ်ကောင် လက်နက်ကြီးစ ထိမှန်ခဲ့သည်ဟု လယ်သမားတစ်ဦးက ပြောသည်။ဦးက ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required