ဝါးခယ်မမြို့တွင် ဗုံး ၂ လုံးတွေ့ပြီးနောက် ဒေသခံ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

ဝါးခယ်မမြို့တွင် ဗုံး ၂ လုံးတွေ့ပြီးနောက် ဒေသခံ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

ဒီဇင်ဘာလ ၁၁ ရက်

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့ သံကြိုးတိုင်ရပ်ကွက်ရှိ လ.ဝ.က ရုံးရှေ့တွင် ယနေ့ ဒီဇင်ဘာလ ၁၁ ရက်၊ မနက် ၇ နာရီ  မိနစ် ၃၀ ခန့်က မပေါက်ကွဲသေးသည့် ဗုံးနှစ်လုံး တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းသို့ ဗုံးနှစ်လုံး တွေ့ရှိခဲ့ပြီးနောက် စစ်ကောင်စီတပ်နှင့် ရဲများက သံကြိုးတိုင်ရပ်ကွက်အတွင်း ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ရပ်ကွက်နေ ဒေသခံ ပြည်သူ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးသွားကြောင်း ဒေသခံ တစ်ဦးကပြောသည်။

"လ.ဝ.က ရုံးရှေ့မှာ သတိပေးဖောက်ခွဲဖို့ ဗုံးနှစ်လုံး စီစဉ်ထားခဲ့တာပါ၊ သတင်းကပေါက်သွားတော့ မပေါက်ကွဲခဲ့ပါဘူး၊ ကျွန်တော်တို့အဖွဲ့တွေ အားလုံး ဘေးကင်းပါတယ်၊ အဲ့ဒီရပ်ကွက် အနီးအနားက ပြည်သူ ၁၀ ယောက်ကျော်ကိုတော့ စွပ်စွဲပြီး ဖမ်းသွားကြတယ်" ဟု ဝါးခယ်မမြို့ပြပြောက်ကျား အဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်နှင့်ရဲများသည် ဝါးခယ်မမြို့နယ်အတွင်းရှိ NLD ပါတီဝင်များနှင့် ထောက်ခံသူများကို ပစ်မှတ်ထား ဖမ်းဆီးနေပြီး ယနေ့ ဖမ်းဆီးသွားသူများကို ဝါးခယ်မ ရဲစခန်းတွင် စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required