ကက်ရှ်မီးယားသို့ နိုဝင်ဘာလအတွင်းက ကမ္ဘာလှည့်ခရီးသည့် ၁ သိန်းကျော် လာရောက်ခဲ့ပြီး ၇ နှစ်အတွင်း အများဆုံးဖြစ်

ကက်ရှ်မီးယားသို့ နိုဝင်ဘာလအတွင်းက ကမ္ဘာလှည့်ခရီးသည့် ၁ သိန်းကျော် လာရောက်ခဲ့ပြီး ၇ နှစ်အတွင်း အများဆုံးဖြစ်

အိန္ဒိယနိုင်ငံ ဂျမူးနှင့် ကက်ရှ်မီးယားဒေသ ခရီးသွားလုပ်ငန်းဌာန၏ နိုဝင်ဘာ ၃၀ ကြေညာချက်တွင် နိုဝင်ဘာလအတွင်းက ကက်ရှ်မီးယားသို့ လာရောက်ခဲ့သည့် ခရီးသည်ပေါင်း ၁ ဒသမ ၂၇ ကုဋေရှိခဲ့ကာ လွန်ခဲ့သည့် ၇ နှစ်အတွင်း အများဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါဌာန၏ ညွှန်ကြားရေးမှူး ဒေါက်တာဂူလမ်နာဘီအီတူးက “နိုဝင်ဘာလအတွင်းက ကက်ရှ်မီးယားဒေသကို နိုဝင်ဘာလအတွင်းက လာရောက်ခဲ့သူ ခရီးသည်အရေအတွက် ၁ ဒသမ ၂၇ သန်းရှိခဲ့ပြီး လွန်ခဲ့သည့် ၇ နှစ်အတွင်းအများဆုံး ဖြစ်ပါတယ်။ ခရီးသွားကဏ္ဍမြှင့်တင်ရေးနဲ့ ထင်ရှားတဲ့ ပွဲတော်တွေ ကျင်းပခြင်းကြောင့် ယခုလို ဧည့်သည်အများအပြားလာရောက်ခဲ့ခြင်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဂျမူးတက္ကသိုလ်၏ ခရီးသွားလုပ်ငန်း စီမံခန့်ခွရေးကျောင်း၏ ပါမောက္ခတစ်ဦးဖြစ်သူ ပါရစ်ရှစ်မန်ဟက်ရှ်က “ဂျမူးနှင့် ကက်ရှ်မီးယားဒေသ အထူးသဖြင့် ကက်ရှ်မီးယားကို ကမ္ဘာလှည့်ခရီးသည် အများအပြား လာရောက်ခြင်းဟာ လက်ရှိအစိုးရရဲ့ လုပ်ဆောင်ချက် အကျိုးရလဒ်နဲ့ ပုံမှန်အခြေအနေကို ပြန်ရောက်ခြင်းပဲ ဖြစ်ပါတယ်။ သို့သော် ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှု အရှိန်အဟုန်ကောင်းစေရန် ပိုမိုလုပ်ဆောင်ရန် လိုအပ်နေသေးသည်။

လာမည့် ဆောင်းရာသီကာလအတွင်း (ဒီဇင်ဘာ ၂၀၂၁ မှ ဖေဖော်ဝါရီ ၂၀၂၂အထိ) ပုံမှန်မှ ပုံမှန်ထက်နည်းသည့် အပူချိန်များသည် နိုင်ငံအနောက်မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေမြောက်ပိုင်းနေရာများ အပြင်ဟိမန္တာတောင်တန်း၏ တောင်ခြေတစ်လျှောက်တွင် ဖြစ်လာနိင်ကြောင်း အိန္ဒိယမိုးလေဝသဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံအနောက်မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသအချို့မှလွဲ၍ နိုင်ငံ၏ ဒေသအများစုတွင် ပုံမှန်ထက်နိမ့်သောအပူချိန်များကို မြင်တွေ့ရနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly