ဓနုဖြူမြို့တစ်မြို့လုံးနီးပါး အသံတိတ်သပိတ်ပြုလုပ်

ဓနုဖြူမြို့တစ်မြို့လုံးနီးပါး အသံတိတ်သပိတ်ပြုလုပ်

ဒီဇင်ဘာ ၁၀

ဧရာဝတီတိုင်း၊ဓနဖြူမြို့တွင် ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မနက်ပိုင်းက ဓနုဖြူမြို့မစျေးကြီးအတွင်းရှိ ဆိုင်များအားလုံးပိတ်ထားကြပြီး မြို့ပေါ်လမ်းများပေါ်တွင်လည်း လူသွားလူလာ မရှိပဲ တိတ်ဆိတ်ငြိမ်သက်ခြင်း အသံတိတ်သပိတ်ပြုလုပ်နေကြကြောင်း ဒေသခံတစ်ဦးကပြောသည်။

"အရင်ကဆို တစ်စျေးလုံးပိတ်ရင်တောင် သားငါး ရောင်းတဲ့ စျေးတန်းတော့ဖွင့်တယ် ဒီနေ့တော့ သားငါးတန်းတွေလည်းအအကုန်ပိတ်ထားကြတယ်၊လမ်းတွေပေါ်မှာဆိုလည်း လူသွားလူလာ တစ်ယောက်မှကိုမရှိတာပါ"ဟု ဒေသခံကဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၁၀ ရက်တွင် လူထုတစ်ရပ်လုံး နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ အပြင်မထွက်ဘဲ မိမိအိမ်မှာသာ နေထိုင်ခြင်းဖြင့်  တိတ်ဆိတ် ငြိမ်သက်ခြင်း သပိတ် (Silent Strike)  တွင် ပူးပေါင်းကြရန်နှင့် င်္အကျီအနက် ဝတ်ဆင်ထားသည့် မိမိဓာတ်ပုံကို လူမှုကွန်ရက်ပေါ် တင်ခြင်းဖြင့် Black Campaign တွင် ပါဝင်ကြရန် တော်လှန်ရေးအင်အားစု အသီးသီးက နှိုးဆော်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required