လှည်းကူးမြို့က Silent Strike အသံတိတ်သပိတ်ပုံရိပ်များ

လှည်းကူးမြို့က Silent Strike အသံတိတ်သပိတ်ပုံရိပ်များ

ဒီဇင်ဘာ ၁၀

ရန်ကုန်တိုင်း၊ လှည်းကူးမြို့တွင် ယနေ့ ဒီဇင်ဘာလ ၁၀ရက် နံနက်ပိုင်းတွင် စစ်အာဏာရှင်ကို ဆန့်ကျင်‌ကြောင်းပြသသည့် Silent Strike အသံတိတ်သပိတ်ကို ပြုလုပ်နေကြသည်။ 

လှည်းကူးမြို့ စျေးရှိဆိုင်ခန်းများပိတ်ထားကာမြို့၏ အဓိကလမ်းမကြီးများနှင့် ရပ်ကွက်လမ်းများထဲတွင် လူသွားလူလာမရှိသလောက်နည်းပါးနေသည်ကို တွေ့ရသည်။ 

အသံတိတ်သပိတ်တွင် ပါဝင်နေသည့် လှည်းကူးစျေးရှိ စျေးဆိုင်များကို အမြန်ဖွင့်လှစ်ရန် လှည်းကူးစည်ပင်မှ စျေးသည်များထံ ဖုန်းဆက်ပြီး အတင်းအကျပ် ပြောဆိုနေကြောင်း သိရသည်။ 

ပြည်တော်သာရပ်ကွက်၊တင်ဇာဦးလမ်းထိပ်ဘက်မှ စတင်ကာ လမ်းထိပ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စောင့်ကြပ်မှုများရှိနေကြောင်းလည်း မြို့ခံအချို့က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required