အိန္ဒိယက ရေတပ်ဦးစီးချုပ်အသစ်ခန့်အပ်

အိန္ဒိယက ရေတပ်ဦးစီးချုပ်အသစ်ခန့်အပ်

အိန္ဒိယစစ်တပ်က ရေတပ်ဦးစီးချုပ်အသစ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး အာရ်ဟာရီကုမာကို အစားထိုးခန့်အပ်လိုက်ကြောင်း နိုဝင်ဘာ ၂၈ ရက်တွင် ကြေညာလိုက်သည်။

“အနောက်ပိုင်းရေတပ်ဌာနချုပ် အကြီးအကဲအဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဒုတိယဗိုလ်ချုပ်ကြီး အာရ်ဟာရီကုမာကို နိုဝင်ဘာ ၃၀ ညနေပိုင်းမှစ၍ ရေတပ်ဦးစီးချုပ်အဖြစ် စတင်ခန့်အပ်မည်” ဟု ကာကွယ်ရေးဝန်ကြီးဌာန၏ နိုဝင်ဘာ ၉ ရက် ကြေညာချက်တွင် ဖော်ပြထားသည်။

ကာကွယ်ရေးဆိုင်ရာပေါင်းစပ်ကွပ်ကဲရေးရုံးချုပ်များ၏ လုပ်ငန်းအစိတ်အပိုင်းတစ်ခုအဖြစ် စစ်တိုင်းဒေသကြီးများ အခြေခံတည်ဆောက်ရေးတွင် ဒုတိယဗိုလ်ချုပ်ကြီး ကုမာသည် အရေးပါသည့်အခန်းကဏ္ဍတစ်ရပ်မှ ပါဝင်ခဲ့သူတစ်ဦး ဖြစ်သည်။

ကုမာသည် အသက် ၂၁ နှစ်အရွယ် ၁၉၈၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် အိန္ဒိယရေတပ်သို့ စတင်ဝင်ရောက်ခဲ့သည်။ စစ်သက် ၃၉ နှစ်အတွင်း ၎င်းသည် စစ်တပ်တွင် တာဝန်အမျိုးမျိုးကို ထမ်းဆောင်ခဲ့သည်။ အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့တွင်လည်း စစ်ဘက်ဆိုင်ရာ သင်တန်းများကို တက်ရောက်ခဲ့သည်။

နိုဝင်ဘာ ၂၃ ရက်တွင် ၎င်းအား အိန္ဒိယသမ္မတရမ်နာသ်ကိုဗင်က စစ်ဘက်ဆိုင်ရာ ဂုဏ်ပြုဆုတံဆိပ် Param Vishisht Seva Medal (PVSM) ကို ချီးမြှင့်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly