အိန္ဒိယပြည်တွင်းထုတ် ဂျက်လေယာဉ် ဇီဝလောင်စာဆီကို စစ်ဘက်ဆိုင်ရာတွင် အသုံးပြုရန် အသိအမှတ်ပြု

အိန္ဒိယပြည်တွင်းထုတ် ဂျက်လေယာဉ် ဇီဝလောင်စာဆီကို စစ်ဘက်ဆိုင်ရာတွင် အသုံးပြုရန် အသိအမှတ်ပြု

သိပ္ပံနှင့် စက်မှုသုတေသန ကောင်စီ- အိန္ဒိယရေနံလုပ်ငန်းအဖွဲ့အစည်း (CSIR-IIP) ၏ ဒေရာဒွန်မြို့ရှိ စက်ရုံအား ပြည်တွင်းထုတ် ဂျက်လေယာဉ် ဇီဝလောင်စာဆီများကို အိန္ဒိယလေတပ် (AIF) ၏ စစ်လေယာဉ်များအတွက် ထုတ်လုပ်ရန် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက အတည်ပြုလိုက်သည်။

သိပ္ပံနှင့် စက်မှု သုတေသနဌာန လက်အောက်ရှိ ဓာတ်ခွဲခန်းတစ်ခုဖြစ်သော CSIR-IIP က ထုတ်လုပ်သည့် နည်းပညာအား လွန်ခဲ့သော၃ နှစ်မှ၍ စမ်းသပ်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။ အဆိုပါ လောင်စာအား လေကြောင်းကဏ္ဍအတွက် စမ်းသပ်ရာတွင် ဂရုတစိုက်ဆောင်ရွက်ရသလို စမ်းသပ်မှု အမျိုးမျိုး လုပ်ဆောင်ကာ လေယာဉ်များ ဘေးအန္တရာယ်ကင်းရေးအတွက် အထူးဆောင်ရွက်ခဲ့ရသည်။

နိုင်ငံတကာ လေကြောင်းပျံသန်းမှု စံနှုန်းများတွင် ယင်းကဲ့သို့ တိကျစွာ စမ်းသပ်မှုများကို လုပ်ဆောင်ရသည်။ လေယာဉ်အတွက် အဓိကအရေးကြီးသည့် လောင်စာအား လူလိုက်ပါပျံသန်းသည့် စက်များအတွင်းသို့ ထည့်သွင်း အသုံးမပြုမီ အသေးစိတ် စမ်းသပ်စစ်ဆေးရန် လိုအပ်သည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်က နယူးဒေလီမြို့တွင် ကျင်းပခဲ့သည့် နို်ငငံတော် အခမ်းအနားများတွင် AN-32 အမျိုးအစား လေယာဉ်တစ်စင်းသည် ဇီဝလာင်စာရောစပ်ဆီ ထည့်သွင်း၍ ပါဝင်ပျံသန်းခဲ့ပြီးနောက် အဆိုပါ လောင်စာဆီအား အသုံးပြုခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၃၀ ရက်က ဆိုးရွားသော ရာသီဥတုအခြေအနေတွင် ရုရှားလေယာဉ်တစ်စင်းအား လေဟားလေဆိပ်၌ အတက်အဆင်း ပြုလုပ်ပြီး အမြင့်ပျံသန်းကာ စမ်းသပ်ခဲ့သည်။

အဆိုပါ လေယာဉ်ဆီကို အရပ်ဘက်နှင့် စီးပွားရေး လုပ်ငန်းများအတွက် ပျံသန်းသည့် SpiceJet လေယာဉ်တွင် ၂၀၁၈ ခုနှစ်၊ ဩဂုတ် ၂၇ ရက်က ဒေရာဒွန်မှ ဒေလီမြို့သို့ ပြေးဆွဲ ပျံသန်းခဲ့သည်။ သဘာဝလောင်စာ စမ်းသပ်အောင်မြင်ခြင်းသည် အိန္ဒိယသိပ္ပံ ပညာရှင်များနှင့် လေတပ်ဖွဲ့ဝင်များ၏ စွမ်းရည်များနှင့် နိုင်ငံတော်အကျိုးရှိစေရန် လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly