တရုတ်ကုမ္ပဏီများ ပိုမိုပွင့်လင်းမြင်သာရင် အမေရိကန် ဖိအားပေး

တရုတ်ကုမ္ပဏီများ ပိုမိုပွင့်လင်းမြင်သာရင် အမေရိကန် ဖိအားပေး

တရုတ်ကုမ္ပဏီများသည် စာရင်းစစ်သည့် အကြောင်းအရာများနှင့် အစိုးရမှ ထိန်းချုပ်ထားခြင်း ရှိ၊ မရှိ ကို ပိုမိုပွင့် လင်းစွာ ထုတ်ဖော်ကြေညာရမည်ဖြစ်ပြီး သို့မဟုတ်ပါက ငွေချေးသက်သေခံလက်မှတ် စည်းကမ်းအာဏာပိုင် များက အတည်ပြုထား သည့် စည်းမျဉ်းအရ အမေရိကန် စတော့ဈေးကွက်များမှ နုတ်ထွက်ရမည်ဖြစ်သည်။

အမေရိကန်နှင့် တရုတ်အကြား ကာလကြာရှည် အငြင်းပွားမှုအား အမေရိကန်နှင့် ကူးသန်းရောင်းဝယ်သော ရှယ်ယာများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ကုမ္ပဏီများက မည်မျှအထိ ထုတ်ဖော် ပြောဆို ရမည်ဆိုသည့် ငွေချေးသက် သေခံလက်မှတ်နှင့် စတော့ကုန်စည်ဒိုင်ကော်မရှင်(SEC)က ဒီဇင်ဘာ ၂ရက်တွင် အတည်ပြုခဲ့သည့် စည်းမျဉ်းက ဖိအားများ ပိုမိုတိုးမြှင့်လာစေမည်ဖြစ်သည်။

SEC အရ နိုင်ငံခြားတရားစီရင်ပိုင်ခွင့်ရှိ စာရင်းစစ်ကို အသုံးပြုသည့်ကုမ္ပဏီများသည် ယင်းတို့အား "အစိုးရအဖွဲ့ အစည်းတစ်ခုမှ ပိုင်ဆိုင်ခြင်း သို့မဟုတ် ထိန်းချုပ်ခြင်း" မရှိကြောင်း အတည်ပြုရန် လိုအပ်မည်ဖြစ်ပါသည်။

ကုမ္ပဏီများသည် နှစ်ချုပ်အစီရင်ခံစာများတွင် သတင်းအချက်အလက်များကို ထပ်လောင်းထုတ်ဖော်ရန် လိုအပ်မည်ဖြစ်သည်။

အချို့သောကုမ္ပဏီများအပေါ် "ကုန်သွယ်မှုတားမြစ်ချက်များ" ချမှတ်နိုင်သည်ဟု SEC မှ ပြောကြားခဲ့သည်။

မှားယွင်းသော သတင်းပို့ခြင်းကို တားဆီးရန် အခြားအစိုးရများသည် ကုမ္ပဏီများမှ ငွေကြေးအသေးစိတ် အချက်အလက်များတောင်းခံခြင်းကိစ္စကို အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်နေသည်။

သို့သော် လုံခြုံရေးစိုးရိမ်မှုတွေကို ကိုးကားပြီး တရုတ်အစိုးရက တရုတ်စာရင်းစစ်များ၏ လုပ်ငန်းကို ပြန်လည် သုံးသပ်ရန် အမေရိကန်အများပြည်သူကုမ္ပဏီများ စာရင်းအင်းကြီးကြပ်ရေးအဖွဲ့ကို ခွင့်ပြုရန် ငြင်းဆိုထားသည်။

တရုတ်အစိုးရက အဆိုပါ လုပ်ရပ်ကို ဝေဖန်ခဲ့ပြီး အမေရိကန် ရင်းနှီးမြှုပ်နှံသူများအား အရှိန်အဟုန်ဖြင့် တိုးတက်နေသော ကုမ္ပဏီများကို ဝင်ရောက်ရင်းနှီးမြှုပ်နှံခွင့်ကို ပိတ်ပင်နိုင်ကြောင်း သတိပေးခဲ့သည်။

ရာနှင့်ချီသော တရုတ်ကုမ္ပဏီများသည် အမေရိကန်ဘဏ္ဍာရေးဈေးကွက်တွင် ဒေါ်လာဘီလီယံနှင့်ချီ၍ ရင်းနှီးမြှုပ်နှံမှုများရရှိနေသော်လည်း ယင်းတို့၏ အနေအထားနှင့် ပတ်သက်ပြီး တရုတ်နှင့် အငြင်းပွားမှု တိုးလာနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly