ထိုင်ဝမ်ရေလက်ကြားတွင် တရုတ်နျူကလီးယား တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတစ်စင်းကို အမေရိကန် ကင်းလှည့်လေယာဉ်တစ်စင်း တွေ့ရှိ

By Taiwan News
10 December 2021
ထိုင်ဝမ်ရေလက်ကြားတွင် တရုတ်နျူကလီးယား တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတစ်စင်းကို အမေရိကန် ကင်းလှည့်လေယာဉ်တစ်စင်း တွေ့ရှိ

ထိုင်ဝမ်ရေလက်ကြားတွင် နိုဝင်ဘာ ၂၉ရက်က ကင်းလှည့် ပျံသန်းနေသည့် အမေရိကန် လေယာဉ်တစ်စင်းက တရုတ်နျူကလီးယား တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတစ်စင်း တွေ့ရှိခဲ့သည်။

နိုဝင်ဘာ ၂၉ရက် ညနေပိုင်းတွင် USNI ဆောင်းပါးရှင်နှင့် စစ်ရေးကျွမ်းကျင်သူ အိတ်အိုင်စက်တွန်က ဥရောပ အာကာသအေဂျင်စီ၏ Sentinel-2 ဂြိုဟ်တုမှ ရိုက်ကူးထားသော ဓာတ်ပုံတစ်ပုံတွင် တိုင်ပေစံတော်ချိန် နံနက် ၁၀ နာရီအချိန်ခန့်တွင် ရေပေါ်တွင် သင်္ဘောကြီးတစ်စင်းက ကွပ်ကဲလိုက်ပါလာစဉ် တရုတ်ပဲ့ထိန်းဒုံးကျည် ရေငုပ်သင်္ဘော (SSBN) က တိတ်တဆိတ် သွားလာနေသည်ကို တွေ့မြင်ခဲ့ရသည်။

သင်္ဘောသွားစဉ် ရေလှိုင်းပေါ်ပုံ၊ လုံးဝန်းသောလေးနှင့် အလျားကိုအခြေခံ၍ စက်တွန်က ရေငုပ်သင်္ဘောသည် Type-094 Jin အမျိုးအစား SSBN ဖြစ်နိုင်သည်ဟု ဆိုသည်။

တိုက်ခိုက်ရေးရေငုပ်သင်္ဘောသည် တရုတ်နိုင်ငံ ဟိုင်နန်ကျွန်း၏ တောင်ဘက်ကမ်းရိုးတန်းရှိ ယွီလင် ရေတပ်စခန်းမှ မြောက်ဘက်သို့ ထွက်ခွာသွားကြောင်း အကြံပြုခဲ့သည်။

တရုတ်နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများသည် ပြုပြင်မွမ်းမံရန်အတွက် ဘိုဟိုင်း သင်္ဘော ကျင်းရှိရာ မြောက်ဘက်သို့ မကြာခဏ ဦးတည်သွားရသဖြင့် သင်္ဘောသည် ပုံမှန်မစ်ရှင်တစ်ခုဖြစ်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပေကျင်းအခြေစိုက်ပညာရှင်အဖွဲ့ဖြစ်သော တောင်တရုတ်ပင်လယ် မဟာဗျူဟာအနေအထား စုံစမ်းရေး အစပြုမှုအဖွဲ့ (SCSPI) မှ နိုဝင်ဘာ ၂၉ရက် မွန်းလွဲပိုင်းတွင် အမေရိကန်ရေတပ် P-8A ရေကြောင်းကင်းလှည့် လေယာဉ်ဖြစ်သည့် လေယာဉ်မှတ်ပုံတင်အမှတ် AE6832 သည် ထိုင်ဝမ်ရေလက်ကြားမှ မြောက်ဘက်သို့ ပျံသန်းလာခဲ့ကြောင်း ကြေညာခဲ့သည်။

အဆိုပါ လေယာဉ်သည် ဂျပန်မီဆာဝါလေတပ်စခန်းမှ စတင်ထွက်ခွာလာခဲ့ပီး ထိုင်ဝမ်၏ လေကြောင်းရန် ကာကွယ်ရေး သတ်မှတ်ဇုန်၏ အရှေ့ဘက်နှင့် တောင်ဘက်အစွန်းများကို တောင်ဘက်မှ ထိုင်ဝမ်ရေ လက်ကြားသို့မဝင်ရောက်မီ ပျံသန်းသွားခဲ့သည်။

နိုဝင်ဘာ ၂၉ရက် ညနေပိုင်းတွင် ထိုင်ဝမ်ရေတပ်သင်္ဘောငယ်မှ တပ်မှူးဟောင်း လုလီရှစ်က P-8A သည် တရုတ်ရေငုပ်သင်္ဘော၏ လှုပ်ရှားမှုကို စောင့်ကြည့်ရန် ထိုင်ဝမ်ရေလက်ကြားကို ပျံသန်းလာခြင်းဖြစ်နိုင်ကြောင်း ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly