တရားမဝင်သတင်းများထုတ်ပြန်ခြင်းအတွက် လူမှုမီဒီယာကုမ္ပဏီ Douban ကို တရုတ်အစိုးရက ဒဏ်ငွေချမှတ်

တရားမဝင်သတင်းများထုတ်ပြန်ခြင်းအတွက် လူမှုမီဒီယာကုမ္ပဏီ Douban ကို တရုတ်အစိုးရက ဒဏ်ငွေချမှတ်

တရုတ်အစိုးရက အင်တာနက်ကို ထိန်းချုပ်ရန်နှင့် သန့်ရှင်းရန် ကြိုးပမ်းမှုများကို အရှိန်မြှင့်လုပ်ဆောင်နေစဉ် လူမှုမီဒီယာ ကုမ္ပဏီ Doubanအား တရားမဝင် သတင်းများ ထုတ်ပြန်ခြင်း အတွက် ဆင့်ခေါ်ကာ ဒဏ်ရိုက်ခဲ့ကြောင်း ဒီဇင်ဘာ ၂ရက်တွင် တရုတ်ဆိုက်ဘာလုပ်ငန်းအုပ်ချုပ်ရေးအဖွဲ့(CAC)က ပြောကြားလိုက် သည်။

တရုတ်အစိုးရအာဏာပိုင်များသည် Douban၏ လုပ်ငန်းဆောင်ရွက်မှုအဖွဲ့အစည်းအား ယွမ် ၁ ဒသမ ၅ သန်း (ဒေါ်လာ ၂၃၅,ဝဝဝ) ဒဏ်ရိုက်ခဲ့ပြီး ပြန်လည်ပြင်ဆင်မှုများကို ချက်ခြင်းပြုလုပ်ရန် စည်းကမ်းကြပ်မတ်ရေးအဖွဲ့က ကုမ္ပဏီထံမှ တောင်းဆိုခဲ့သည်ဟု အင်တာနက်စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

သန်းပေါင်းများစွာသော တရုတ်သုံးစွဲသူများက ရုပ်ရှင်များကို ပြန်လည်သုံးသပ်ပြီး လူမှုရေးဆိုင်ရာ အကြောင်း အရာများကို ဆွေးနွေးကြသည့် အွန်လိုင်းပလက်ဖောင်းတစ်ခုဖြစ်သည့် Doubanက ယင်း၏ လုပ်ဆောင်ချက်ကို ဒီဇင်ဘာ ၂ရက်တွင် ခေတ္တရပ်ဆိုင်းခဲ့ပြီး ဒီဇင်ဘာ ၁၇ ရက်တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

CAC သည် ဒဏ်ကြေးရိုက်ရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ အခြားအသေးစိတ်အချက်အလက်များကို ပြောကြားခြင်းမရှိပေ။

သို့သော် Douban၏ သက်ဆိုင်ရာကိုယ်စားလှယ်များကို အလေးအနက်ထားကိုင်တွယ်မည် ဖြစ်ကြောင်းနှင့် ကုမ္ပဏီသည် နိုဝင်ဘာလတွင် စုစုပေါင်းယွမ်ငွေ ၉ သန်းဒဏ်ရိုက်ခံခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထား ခဲ့သည်။

တရုတ် အက်ပလီကေးရှင်းများ၏ အချို့သောလုပ်ဆောင်ချက်များသည် "တရားမဝင်" သို့မဟုတ် "အဆင့် အတန်း နိမ့်ကျသော" အကြောင်းအရာကြောင့် ခေတ္တဆိုင်းငံ့ထားပြီး အက်ပလီကေးရှင်းများကို ယခင်ကလည်း အလားတူအကြောင်းပြချက်များဖြင့် အက်ပ်စတိုးများမှ ယာယီဖယ်ရှားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly