ဖိုဝင်တောင်ကြောတွင် စစ်ကောင်စီနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲပြင်းထန်နေ

ဖိုဝင်တောင်ကြောတွင် စစ်ကောင်စီနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲပြင်းထန်နေ
​​​​​​​ပုံ - စစ်ကိုင်းတိုင်းအတွင်းရှိ PDF တပ်ဖွဲ့ဝင်တချို့ကိုမြင်တွေ့ရစဉ်။ (ပုံဟောင်း)

ဒီဇင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်အတွင်း ဖိုဝင်တောင်ကြောတွင် စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ကြား ယနေ့နံနက်မှစ၍ တိုက်ပွဲပြင်းထန်နေကြောင်း ယင်းမာပင် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
ယင်းမာပင်နယ်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသခံ PDF များဖြစ်သည့် ဆားလင်းကြီး၊ ယင်းမာပင်၊ ပုလဲ၊ ကနီ ပူးပေါင်းတပ်တို့မှ ဖိုဝင်တောင်တစ်ကြောတွင် ကြားဖြတ် တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
 
“တိုက်ပွဲကအတော် ပြင်းထန်ပါတယ်။ သူတို့တက်လာတဲ့ တပ်ဖွဲ့တွေကို ကျွန်တော်တို့က ကြားဖြတ်တိုက် နိုင်ခဲ့တယ်၊ လေယာဉ်ပစ်ကူတွေလည်း တက်လာပါတယ်။ ကြားလိုက်တယ်မှတ်လား အခုခွဲလိုက်တာ၊ မိလား၊ မိလား… အဲဆက်တိုက် ပစ်နေကြတာ၊ ဒါပဲနော်ညီလေး” ဟု တိုက်ပွဲအတွင်း ရောက်ရှိနေသူ ယင်းမာပင်-PDF တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၈ ရက် နေ့လယ်ပိုင်းတွင် မဇ္ဈိမသို့ ဖြေကြားသည်။
 
လက်ရှိ စစ်ကောင်စီတပ်မှ ဒေသခံ PDF များရှိမည်ထင်သည့်ဘက်သို့ စစ်ရဟတ်ယာဉ်သုံးကာ ပစ်ခတ် နေကြောင်း မိုင်းဆွဲတိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်နိုင်သော်လည်း နှစ်ဖက်အထိအခိုက် အခြေအနေကို မသိရသေးဟုလည်း ၎င်းကဆိုသည်။
 
စစ်ကောင်စီဘက်မှ တပ်အင်အားနှင့် တိုက်ပွဲအခြေအနေ အသေးစိတ်ကို မဇ္ဈိမမှ အတည်မပြုနိုင်သေး သော်လည် ဝမ်ပေါင်ကြေးနီ စီမံကိန်းအနီး ညအိပ်ခဲ့သည် စစ်ကောင်စီတပ်အင်အား ၁၀၀ ဝန်းကျင်မှာ ယနေ့နံနက်ပိုင်းက မုံရွာ၊ ယင်းမာပင်၊ ပုလဲလမ်းအတိုင်း ယင်းမာပင်ဘက်သို့ ခြေလျင်တက်လာကြောင်း အလောင်းတော် ကဿပ နယ်မြေသတင်းတွင် ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required