တာမွေတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီးအပြီး ဧည့်စာရင်း စစ်သည်ဟုဆိုကာ ပြည်သူ ၃ ဦးကို ဖမ်းဆီးသွား

တာမွေတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီးအပြီး ဧည့်စာရင်း စစ်သည်ဟုဆိုကာ ပြည်သူ ၃ ဦးကို ဖမ်းဆီးသွား

ဒီဇင်ဘာ ၇ 

ရန်ကုန်၊ တာမွေမြို့နယ် သီတာလမ်း အောက်ဖက်ရပ်ကွက်နှင့် အောင်မင်္ဂလာ ပတ်လမ်းတစ်လျှောက် စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီးအပြီး စစ်ကောင်စီတပ်သားများက ရှောင်တခင် ဧည့်စာရင်း စစ်သည်ဟုဆိုကာ ပြည်သူ သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွား‌ကြောင်း ဒေသခံများထံမှ သိရသည်။

"သံပုံတီးအပြီး DC   နှစ်စီးနဲ့ ရှစ်ယာက်လောက်က လမ်းဆင်းလျှောက်ပြီး အော်ဆဲတာ၊ သံပုံးတီးတာတွေ ရပ်တော့ ဧည့်စာရင်းစစ်တယ်လို့ အကြောင်းပြပြီး ဝင်ဆွဲတာ တိုက်လှေကားတံခါးတွေ ကန်ပြီး တက်ဖမ်းတာ ကျွန်မမြင်သလောက် ယောကျ်ားလေး ၃ ယောက်လောက် အနည်းဆုံးပါသွားတယ်။ အခုလည်း ဒီနားပတ်သောင်းကျန်းနေတုန်းပဲ" ဟုတာ‌မွေမြို့နယ် သီတာလမ်း ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

ထို့အပြင် တာမွေမြို့နယ်ရှိ ရပ်ကွက်အချို့တွင် တိုက်ပေါ်သို့ သေနတ်များဖြင့်ချိန်၍ အော်ဟစ်ဆဲဆိုခြင်း၊ ကမာရွတ်မြို့နယ်တွင်လည်း ပြည်သူပိုင်ကားမှန်များ ရိုက်ခွဲခြင်းများလည်း စစ်‌ကောင်စီတပ်က ပြုလုပ်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required