မော်လ်ဒိုက်နိုင်ငံက အိန္ဒိယနှင့် ကာကွယ်ရေးကဏ္ဍ သဘောတူညီချက်ကို ဆက်လက် ဆောင်ရွက်မည်

မော်လ်ဒိုက်နိုင်ငံက အိန္ဒိယနှင့် ကာကွယ်ရေးကဏ္ဍ သဘောတူညီချက်ကို ဆက်လက် ဆောင်ရွက်မည်

ကန့်ကွက်ဆန္ဒပြမှုများ ရှိနေသော်လည်း မော်လ်ဒိုက်အစိုးရက အိန္ဒိယနှင့် ကာကွယ်ရေး ကဏ္ဍသဘောတူညီချက်ကို ဆက်လက်ဆောင်ရွက်သွားမည်ဟု အတည်ပြု ပြောကြားလိုက်သည်။

မော်လ်ဒိုက်နိုင်ငံ၏ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ပါလီမန်ကော်မတီ (၂၄၁ဦး ကော်မတီ) က မော်လ်ဒိုက်နိုင်ငံကာကွယ်ရေးတပ်ဖွဲ့ (MNDF) နှင့် အိန္ဒိယစစ်တပ်တို့အကြား ပြုလုပ်ထားသည့် သဘောတူညီချက်တွင် မိမိတို့နိုင်ငံအတွက် ထိခိုက်စေမည့် အကြောင်းအရာမပါဝင်ကြောင်း ပြောကြားသည်။

ကာကွယ်ရေးဝန်ကြီးဟောင်းတစ်ဦးဖြစ်သူ အတိုက်အခံလွှတ်တော်အမတ် အဒမ်ရှာရိဖ်အူမာက MNDF နှင့် အိန္ဒိယစစ်တပ်တို့အကြား သဘောတူညီချက် ၃ ခုဖြစ်သည့် အူသူရာဖီလာဖယ်လ်ဟူ (UTF) အခြေစိုက်စခန်းတွင် ကုန်တင်ကုန်ချဆိပ်ကမ်းတစ်ခု တည်ဆောက်ရး၊ အိန္ဒိယ၏ အကူအညီဖြင့် Dornier လေယာဉ်များ အသုံးပြုနိုင်ရေးနှင့် ပင်လယ်သမုဒ္ဒရာဆိုင်ရာ အစီအစဉ် သဘောတူညီချက်တို့ကို ပြန်လည် သုံးသပ်ရန် တောင်းဆိုခဲ့သည်။

မော်လ်ဒိုက်တွင် သမ္မတအီဘူဆိုလီဟာ ၂၀၁၈ ခုနှစ်တွင် ရွေးချယ်တင်မြှောက်ခံရပြီးနောက်ပိုင်း အိန္ဒိယနှင့် ကာကွယ်ရေးကဏ္ဍကို တိုးမြှင့် လုပ်ဆောင်ခဲ့သည်။

မော်လ်ဒိုက်ကာကွယ်ရေးဝန်ကြီးသည် နိုဝင်ဘာလကုန်ပိုင်းက အိန္ဒိယသို့ သွားရောက်လည်ပတ်ခဲ့သလို အိန္ဒိယရေတပ်သင်္ဘောနှင့် လေယာဉ်များကလည်း အိန္ဒိယသမုဒ္ဒရာအတွင်း ပင်လယ်ရေကြောင်း လုံခြုံရေး အားကောင်းစေရန် ပြုလုပ်ခဲသည့် စစ်ရေးလေ့ကျင့်မှုတွင် သီရိလင်္ကာ၊ မော်လ်ဒိုက်နိုင်ငံတို့နှင့်အတူ ပါဝင်ခဲ့သည်။

ယခုနှစ်အစောပိုင်းက အိန္ဒိယပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန်ကာ မားလေးမြို့တော်သို့ ရောက်ရှိစဉ်အတွင်း နှစ်နို်ငငံအကြား ဒေါ်လာသန်း ၅၀ တန်ဖိုးရှိ ကာကွယ်ရေးဆိုင်ရာ ချေးငွေသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

အိန္ဒိယနိုင်ငံသည် အိန္ဒိယသမုဒ္ဒရာဒေသတွင် အင်အားကြီးနိုင်ငံဖြစ်ပြီး လုံခြုံရေးဆိုင်ရာ ကူညီထောက်ပံ့မှုများ ပေးသည့်အပြင် မာဒါဂက်စကာ၊ မိုဇမ်ဘစ်၊ ကိုမိုရော့စ်၊ မော်လ်ဒိုက်နှင့် သီရိလင်္ကာအပါအဝင် နိုင်ငံအများအပြားကို လူသားချင်းစာနာထောက်ပံ့မှုအကူအညီများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပံ့ပိုးမှုများကို ပေးအပ်ထားသည်။ ဇွန်လအတွင်းက သီရိလင်္ကာရေတပ်နှင့် လေတပ်တို့သည် အိန္ဒိယကမ်းခြေစောင့် တပ်ဖွဲ့နှ့င် ပူးပေါင်းကာ စင်ကာပူကုန်တင်သင်္ဘော MV X-Press Pearl မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ပေးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly