ထိုင်ဝမ်ရေလက်ကြားတစ်လျောက် တရုတ်၏ စစ်ရေးတိုးမြှင့်မှုသည် စူးအက်တူးမြောင်းတွင် အမေရိကန်ရှိနေခြင်းကို စိန်ခေါ်မှု ဖြစ်စေ

ထိုင်ဝမ်ရေလက်ကြားတစ်လျောက် တရုတ်၏ စစ်ရေးတိုးမြှင့်မှုသည် စူးအက်တူးမြောင်းတွင် အမေရိကန်ရှိနေခြင်းကို စိန်ခေါ်မှု ဖြစ်စေ

ထိုင်ဝမ်ရေလက်ကြားတစ်လျောက် တရုတ်၏ စစ်ရေးတိုးမြှင့်မှုသည် စူးအက်တူးမြောင်းတွင် အမေရိကန် တည်ရှိမှုအပါအဝင် အင်ဒို-ပစိဖိတ်ဒေသအတွင်း အမေရိကန်၏ မဟာဗျူဟာအကျိုးစီးပွားကို စိန်ခေါ်နေသည်။

တရုတ်နိုင်ငံသည် ၁၀စုနှစ်များစွာ တည်တံ့ခဲ့သော စီးပွားရေးတိုးတက်မှုနှင့်အတူ ကမ္ဘာ့အကြီးဆုံး လက်နက်ကိုင်တပ်ဖွဲ့များကို လျင်မြန်စွာ ခေတ်မီအောင် စတင်လုပ်ဆောင်နေပြီဟု Asia Times သတင်းစာက ဖော်ပြခဲ့သည်။

တရုတ်သည် ဘက်မမျှသော၊ သမားရိုးကျဖြစ်သော စစ်ရေးစွမ်းရည် ၂ မျိုးလုံးကို တစ်ပြိုင်နက် မြှင့်တင်နေသည်။

အလားတူ တရုတ်က ကျွန်းချိတ်ဆက် မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အင်ဒို-ပစိဖိတ် ဒေသတွင် မဟာဗျူဟာမြောက် အခြေစိုက်စခန်းများနှင့် ဆိပ်ကမ်းအဆောက်အအုံများကို ဖွဲ့စည်းခြင်းဖြင့် ယင်း၏ စစ်ရေးနှင့် ကုန်သွယ်မှုကို တိုးချဲ့လျက်ရှိသည်။

ထိုင်ဝမ်ရေလက်ကြားနှင့် ယင်း၏ တည်ရှိမှုကို ထိန်းချုပ်ခြင်းသည် တရုတ်အစိုးရ၏ ပထမဆုံးကျွန်း ချိတ်ဆက်ကို ထိန်းချုပ်ရန် ယင်း၏ ပထမဆုံးရည်မှန်းချက်ကို ဖော်ပြနေသည်။

ထို့ပြင် အသံထက်မြန်သည့် ဒုံးကျည်စွမ်းရည် ဖွံ့ဖြိုးတိုးတက်မှုသည် တရုတ်၏ ဘက်မမျှသော စစ်ပွဲစွမ်းရည်နှင့် နျူကလီးယားစွမ်းရည်များကို ပိုမိုတိုးတက်စေခဲ့ကြောင်း Asia Times က ဖော်ပြခဲ့သည်။

တရုတ်၏ သမားရိုးကျနှင့် ဘက်မမျှသည့်စစ်ပွဲ စွမ်းရည်များကို လျင်မြန်စွာ မြှင့်တင်ခြင်းဖြင့် တရုတ်က ရေလက်ကြားကို ဖြတ်ကျော်ပြီး ထိုင်ဝမ်ကို ကျူးကျော်မှုအတွက် အသင့်တော်ဆုံးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly