တိဗက်ပါတီဝင်များ၏ ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုများကို တရုတ်က တားမြစ်

တိဗက်ပါတီဝင်များ၏ ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုများကို တရုတ်က တားမြစ်

တိဗက်တွင် ဘာသာရေးလွတ်လပ်ခွင့်ကို ကန့်သတ်ချုပ်ချယ်သည်ဟု စွပ်စွဲခံထားရသော တရုတ်သည် တိဗက်အမ်ဒိုပြည်နယ်ရှိ ပါတီဝင်များနှင့် ကေဒါများအားလုံး၏ ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုများကို တားမြစ်ပိတ်ပင်လိုက်ကြောင်း သတင်းများအရ သိရသည်။

အလားတူတားမြစ်ချက်ကို အောက်တိုဘာလက ဂိုလော့စီရင်စုတွင် ပြုလုပ်ခဲ့ပြီး မည်သည့် တိဗက်ပါတီဝင်တစ်ဦးကမှ စိပ်ပတီး၊ ဒစ်ဂျစ်တယ်ပုတီးများနှင့် အခြားဘာသာရေးပစ္စည်းများကို အသုံးပြုခြင်းနှင့် ကရွတ်ကင်းလျှောက်ခြင်းအပါအဝင် ဘာသာရေးဆိုင်ရာ ထုံးတမ်းအစဉ်အလာများကို မလုပ်ဆောင်ရပေ။

တရုတ်အာဏာပိုင်များသည် ကိုယ်ပိုင် ဘုရားစင်များနှင့် ဘုရားကျောင်းများကို ဖယ်ရှားခြင်းအပါအဝင် တိဗက်အရာရှိများအား ဘာသာရေးဆိုင်ရာလုပ်ဆောင်မှုများ လုပ်ဆောင်ခြင်းကို တားမြစ်ရန် ပြင်းထန်သောနည်းလမ်းများကို အသုံးပြုကြောင်း အမည်မသိရင်းမြစ်ကို ကိုးကား၍ Tibet. Net က ဖော်ပြခဲ့သည်။

“အဲဒီလိုတားမြစ်တဲ့ အစီအမံတွေကြောင့် ဒေသတွင်းမှာရှိတဲ့ တိဗက်ပါတီဝင်တွေကို သူတို့ရဲ့ ဆန္ဒနဲ့ဆန်ကျင်ပြီး အိမ်တွေက ဗုဒ္ဓဆင်းတုတော်တွေနဲ့ ဘုရားစင်တွေကို ဖယ်ရှားဖို့ ဖိအားပေးခဲ့တယ်” ဟု သတင်းရင်းမြစ်က ပြောသည်။ အကယ်၍ ပါတီဝင်များသည် အမိန့်ကို မလိုက်နာပါက အစိုးရအလုပ်မှ ထုတ်ပယ်ခံရနိုင်ပြီး နိုင်ငံတော်၏ အကျိုးခံစားခွင့်နှင့် ထောက်ပံ့ကြေးများ ဆုံးရှုံးနိုင်ပေသည်။

ဒေသတွင်းရှိ RFA သတင်းရင်းမြစ်များ၏ အဆိုအရ တရုတ်အာဏာပိုင်များသည် တိဗက်ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများ၏ အရွယ်အစားနှင့် သြဇာလွှမ်းမိုးမှုကို ကန့်သတ်ရန် ကာလရှည်ကြာ ကြိုးပမ်းခဲ့ပြီး အစဉ်အလာအရ တိဗက်ယဉ်ကျေးမှုနှင့်အမျိုးသားရေးလက္ခဏာများကို ပစ်မှတ်ထားလုပ်ဆောင်ခဲ့သည်။

တရုတ်တပ်များသည် ၁၉၅၀ ခုနှစ်တွင် တိဗက်ကို ကျူးကျော်ခဲ့ကာ နောက်ပိုင်းတွင် သိမ်းပိုက်ခဲ့သည်။ ၁၉၅၉ ခုနှစ် တိဗက်လူထုအုံကြွမှုတွင် တိဗက်ဒေသခံများနှင့် တရုတ်တပ်ဖွဲ့များအကြား ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

တရုတ်အုပ်ချုပ်မှုကို ဆန့်ကျင်သည့် အုံကြွမှု မအောင်မြင်ပြီးနောက် ၁၄ ဆက်မြောက် ဒလိုင်းလားမားသည် အိမ်နီးချင်း အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခဲ့ကာ အဝေးရောက်အစိုးရတစ်ရပ်ကို ထူထောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly