ကွန်မြူနစ်ပါတီ ၆ ကြိမ်မြောက် စုံညီအစည်းအဝေးအပြီးတွင် သမ္မတရှီကျင့်ဖျင် အာဏာပိုမိုခိုင်မြဲလာ

ကွန်မြူနစ်ပါတီ ၆ ကြိမ်မြောက် စုံညီအစည်းအဝေးအပြီးတွင် သမ္မတရှီကျင့်ဖျင် အာဏာပိုမိုခိုင်မြဲလာ

တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ ၆ ကြိမ်မြောက် စုံညီအစည်းအဝေးအပြီးတွင် သမ္မတရှီကျင့်ဖျင်သည် အာဏာပိုမိုခိုင်မြဲလာပြီး အစိုးရ၏ ရည်မှန်းချက်များကို ပိုမိုချဲ့ထွင်ရန် ရည်မှန်းထားသည်။

အင်ဒို-ပစိဖိတ်ဒေသတွင် အမေရိကန်၏ စစ်ရေးဩဇာကျဆင်းလာမှုအပေါ် အတိုင်းအတာတစ်ခုအထိ အခွင့်ကောင်းယူရန် သမ္မတရှီက ဆုံးဖြတ်ထားဖွယ်ရှိကြောင်း Hong Kong Post သတင်းစာတွင် ဖော်ပြထားသည်။

ထို့ပြင် အရင်းရှင်ပုံစံ ပြုပြင်ပြောင်းလဲမှုများကို မိတ်ဆက်ပေးခြင်းဖြင့် မာ့စ်ဝါဒီနိုင်ငံ၏ ရုပ်ပိုင်းနှင့် စိတ်ခံစားချက်ပိုင်းဆိုင်ရာ အသိစိတ်ဓာတ်ကို ဖြစ်ပေါ်စေသော၊ တရုတ်နိုင်ငံအား စီးပွားရေးအရ အံ့မခန်းဖြစ်ရန် ပြင်ဆင်ခဲ့သော ကမ္ဘာ့လူဦးရေအများဆုံး တရုတ်နိုင်ငံကို ထူထောင်ခဲ့သူများဖြစ်သည့် မော်စီတုန်းနှင့် တိန့်ရှောင်ဖိန်တို့ကဲ့သို့ သမ္မတရှီကျင့်ဖျင်က ဖြစ်ချင်နေသည်။

ရည်မှန်းချက်အလွန်ကြီးမားသူတစ်ဦးဖြစ်သည့်အတွက် ရှီကျင့်ဖျင်သည် သူ့ကိုယ်သူ အကြီးမြတ်ဆုံးသော တရုတ်ခေါင်းဆောင်တစ်ဦး ဖြစ်ချင်နေကြောင်းလည်း Hongkong Post သတင်းတွင် ဖော်ပြထားသည်။

ရှီကျင့်ဖျင်က ရည်မှန်းချက်ရှိနေသာ်လည်း တရုတ်နိုင်ငံသည် နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုများတွင် အမေရိကန်ထက် နောက်ကျလျက်ရှိနေသည်။

ကျင်းပခဲ့သည့် စုံညီအစည်းအဝေးသည် ရှီကျင့်ဖျင်၏ တရုတ်နိုင်ငံရေးသမိုင်းကို ပိုမိုအားကောင်းလာစေသလို တရုတ်ကွန်မြူနစ်ပါတီ၏ ရာစုနှစ်ကာလတွင် ၎င်း၏ အရေးပါမှုကို နားလည်လာစေသည်။

ရှီကျင့်ဖျင် တရုတ်တွင် အာဏာပိုမိုခိုင်မြဲလာခြင်းနှင့် နယ်စပ်ထိန်းချုပ်မျဉ်း (LAC ) တစ်လျှောက်တွင် တရုတ်အစိုးရက ရည်မှန်းချက်များ ထပ်မံ လုပ်ဆောင်လာခြင်းတို့ တိုက်ဆိုင်နေကြောင်း Hongkong Post တွင်ဖော်ပြခဲ့သည်။

သမ္မတရှီကျင့်ဖျင် လက်ထက်တွင် LAC စည်းအတွင်း တရုတ်က စစ်ရေးပြင်ဆင်မှုများကို တိုးမြှင့်လုပ်ဆောင်လာသလို တရုတ်၏ ရည်ရွယ်ချက်များကို တန်ပြန်ရန်အတွက်လည်း အိန္ဒိယက လုပ်ဆောင် လာသည်။

ထို့ပြင် တရုတ်သည် အင်ဒို-ပစိဖိတ်ဒေသအတွင်း အမေရိကန်၏ လွှမ်းမိုးမှုကို ရင်ဆို်ငနိုင်မည့် ပင်လယ်ပြင် စစ်ရေးစွမ်းရည်ကို မြှင့်တင်ရန် ကြိုးပမ်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly