ဗကသ ကျောင်းသား ကိုနှင်းအောင်ကို ပျူစောထီးများ ပစ်သတ်

ဗကသ ကျောင်းသား ကိုနှင်းအောင်ကို ပျူစောထီးများ ပစ်သတ်

ဒီဇင်ဘာ ၄

ဗကသကျောင်းသား ကိုနှင်းအောင်ကို ယမန်နေ့ ဒီဇင်ဘာလ ၃ ရက်နေ့တွင် စစ်ကောင်စီ၏ လက်ပါးစေ ပျူစောထီးများက ပစ်သတ်လိုက်ကြောင်း သိရသည်။

ကန့်ဘလူမြို့၊ တင်ကုတ်ကြီးကျေးရွာ ဆိုင်းဘုတ်အနီး စစ်ဆေးနေစဉ် ဆိုင်ကယ်ရပ်မပေးသောကြောင့် ပစ်သတ်လိုက်ခြင်းဖြစ်သည်ဟု ပျူစောထီးအဖွဲ့များ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။

ကိုနှင်းအောင်သည် အလုပ်သမားအရေး၊ ကျောင်းသားအရေး၊ စစ်အသုံးစရိတ်လျော့ချရေး တို့တွင် တက်ကြွစွာပါဝင်ခဲ့သောကြောင့် မကြာခဏ စစ်အစိုးရ၏ ထောင်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသူဖြစ်သည်။

ထို့အပြင် နာမည်ကြီး လက်ပံတန်းအရေးအခင်း၊ ၂၀၁၅ ပညာရေးသပိတ်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ၂၀၁၇ ပညာရေးကောလိပ်များတွင် ခေတ်နှင့်မလျော်ညီသည့် စည်းကမ်းများ ပြုပြင်ပေးရန် တောင်းဆိုခဲ့မှုများကြောင့် တရားစွဲထောင်ချခြင်း ခံခဲ့ရသူဖြစ်သည်။

ကိုနှင်းအောင်သည် ဖိနှိပ်ခံအလုပ်သမားအရေး၊ တောင်သူလယ်သမားအရေး တို့တွင်လည်း ဦးဆောင်ပါဝင်ခဲ့သူဖြစ်ကာ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီ ပြုတ်ကျရေးအတွက် တက်ကြွစွာ လှုပ်ရှားနေသူလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required