ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနေ့ ကျင်းပ

By India Blooms News Service
03 December 2021
ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနေ့ ကျင်းပ

အိန္ဒိယနိုင်ငံ ဂျမူးနှင့် ကက်ရှ်မီးယားဒေသ၊ လာဒါခါမြို့၊ ခရိုင်တရားရုံးအားလုံးနှင့် ဂျမူးနှင့် ကက်ရှ်မီးယားဒေသ တရားရေးကျောင်းတို့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနေ့ကို နိုဝင်ဘာ ၂၄ ရက်က ကျင်းပခဲ့ကြသည်။

ဖွဲ့စည်ပုံအခြေခံဥပဒေအား ပြဌာန်းသည့် အထိမ်းအမှတ်အဖြစ် နိဒါန်းစာပိုဒ်အား ရွတ်ဖတ်သည့် အခမ်းအနားကို ဂျမူးဒေသ တရားရုံးချုပ်တွင်လည်းကောင်း၊ အမည်စာရင်း တင်သွင်းသည့် ရှေ့နေများ၏ ကျမ်းသစ္စာ ကျိန်ဆိုခြင်းကို ဂျမူးနှင့် ကက်ရှ်မီးယားဒေသ တရားရေးကျောင်းတို့တွင်လည်းကောင်း ပြုလုပ်ခဲ့ကြသည်။

ဂျမူးနှင့် ကက်ရှ်မီးယားကျေးလက်ဒေသအသက်မွေးဝမ်းကြောင်း အစီအစဉ် (JKRLM) ၏ ဆရီနဂါမြို့ ရုံး၌ ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် ညွှန်ကြားရေးမှူး ဆီယက်ဆာရစ်အက်စ်ဂါက အရာရှိများနှင့် တာဝန်ရှိသူများကို ဖွဲ့စည်းပုံအခြေခံဥပဒေ နိဒါန်းအား ရွတ်ဖတ်၍ အထိမ်းအမှတ်အခမ်းအနား ကျင်းပခဲ့သည်။

ညီနောင်ရင်းခြာစိတ် ၊ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးတို့တွင် တရားမျှတမှုကို စောင့်ထိန်းရန်နှင့် လွတ်လပ်စွာ တွေးခေါ် ပြောဆိုရန်တို့ကိုလည်း အက်စ်ဂါက အရာရှိများကို တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly