ယူကရိန်းကို မကျူးကျော်ရန် ရုရှကို အမေရိကန် သတိပေး 

ယူကရိန်းကို မကျူးကျော်ရန် ရုရှကို အမေရိကန် သတိပေး 

ဒီဇင်ဘာ ၃

ယူကရိန်းအား ကျူးကျော်ခြင်း မပြုရေး ရုရှနိုင်ငံကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင့်ကင်က ကြာသပတေးနေ့မှာ သတိပေးပါတယ်။ ခရိုင်းမီးယားကျွန်းဆွယ်ကို ပြန်လည်သိမ်းယူဖို့ ဘယ်လို ကြိုးစားမှုမဆိုက ရုရှကို ‘တိုက်ရိုက်ခြိမ်းခြောက်မှု’ ဖြစ်လိမ့်မယ်လို့ ရုရှက ယူကရိန်းကို ပြောထားချိန်မှာလည်း ဖြစ်ပါတယ်။ 

ယူကရိန်းနယ်စပ်မှာ ရုရှက တပ်တွေအများအပြား ထားရှိနေတာနဲ့ ပတ်သက်လို့ မကြာသေးတဲ့ သီတင်းပတ်တွေမှာ အနောက်အင်အားကြီးနိုင်ငံတွေက တပ်လှန့်ပြောဆိုလာခဲ့ပါတယ်။ ရုရှရဲ့ တပ်ချမှုတွေကြောင့် လူပေါင်း ၁၃၀၀၀ သေဆုံးထားပြီးဖြစ်တဲ့ ရေရှည်ပဋိပက္ခဖြစ်နေရာ နယ်စပ်နယ်မြေမှာ တင်းမာမှုတွေ တိုးမြင့်စေပါတယ်။ 

ယူကရိန်းကို တိုက်ခိုက်နေတဲ့ ခွဲထွက်ရေးသမားတွေကို ကျောထောက်နောက်ခံပြုနေတယ်လို့ စွပ်စွဲခံရတဲ့ ရုရှဟာ တိုက်ခိုက်ဖို့အတွက် ပြင်ဆင်တာမျိုး မရှိဘူးလို့ ငြင်းဆန်ပြီး နေတိုးအုပ်စုက တင်းမာမှု မြင့်တက်အောင် လုပ်ဆောင်နေတာပဲ ဖြစ်တယ်လို့ စွပ်စွဲပါတယ်။ 

“ယူကရိန်းကို ပြန်လည်ရန်စကျူးကျော်လာမယ့် ရုရှရဲ့ အစီအစဉ်တွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အတော်လေး စိုးရိမ်ပူပန်မိတယ်”လို့ စတော့ဟုမ်းနားမှာ ကြာသပတေးနေ့က ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ရုရှနိုင်ငံခြားရေးဝန်ကြီး လက်ဗ်ရော့ဗ်ကို ဘလင့်ကင်က ပြောပါတယ်။ ရုရှသာ ထိပ်တိုက်တွေ့မှုကို ဖော်ဆောင်ခဲ့ရင် ‘ပြင်းထန်တဲ့ နောက်ဆက်တွဲအကျိုးဆက်တွေ’ ဖြစ်လာလိမ့်မယ်လို့လည်း သတိပေးပါတယ်။ 

အမေရိကန်ဟာ မင့်စ်ငြိမ်းချမ်းရေးသဘောတူညီချက်ကို ‘အပြည့်အဝ အကောင်အထည်ပေါ်ရေး’ အဆင်ပြေချောမွေ့စေဖို့ အသင့်ရှိနေတယ်လို့လည်း ဘလင့်ကင်က ဆိုပါတယ်။ 

မင့်စ်သဘောတူညီချက်ဟာ ၂၀၁၄ ခုနှစ်က ခရိုင်းမီးယားကို ရုရှသိမ်းပိုက်ပြီးနောက် ယူကရိန်း အရှေ့ပိုင်းက ရုရှလိုလားတဲ့ ခွဲထွက်ရေးသမားတွေနဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းနိုင်ရေးအတွက် သ‌ဘောတူချုပ်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီသဘောတူညီချက်ဟာ စာရွက်ပေါ်မှာပဲ ရှိပြီး ဘယ်တုန်းကမှ အသက်ဝင်လာခဲ့တာ မရှိပါ။ 

“ပဋိပက္ခတစ်ရပ်ကို လမ်းကြောင်းပြောင်းနိုင်ရေးဟာ သံခင်းတမန်ခင်းကနေ ဖော်ဆောင်တာက အကောင်းဆုံး လမ်းကြောင်းပါပဲ”လို့ ဘလင့်ကင်က ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required