NUG ဝန်ကြီးများနှင့် ဦးဆောင်အတိုက်အခံများ၏ ပတ်စပို့များကို စစ်ကောင်စီ ရုပ်သိမ်း 

NUG ဝန်ကြီးများနှင့် ဦးဆောင်အတိုက်အခံများ၏ ပတ်စပို့များကို စစ်ကောင်စီ ရုပ်သိမ်း 

ဒီဇင်ဘာ ၃

အရပ်သားအစိုးရဖြစ်သော အမျိုးသား ညီညွတ်ရေးအစိုးရ NUG မှ ဝန်ကြီးများနှင့် အထင်ကရ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများ အပါအဝင်ဖြစ်သည့် ဦးဆောင်အတိုက်အခံ ဒါဇင်များစွာ၏ ပတ်စပို့ကို စစ်ကောင်စီက ရုပ်သိမ်းသည်။ 

စစ်ကောင်စီအနေဖြင့် အဆိုပါ ပုဂ္ဂိုလ်များ ခရီးသွားလာခြင်းနှင့် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော လှုပ်ရှားမှုများမှ ရပ်တန့်ပစ်နိုင်ရေး ကြိုးစားပုံရသည်။ 

ကန်ဘာရာရှိ မြန်မာသံရုံးထံမှ သံတမန်မစ်ရှင်များအပြင် နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာနသို့ ပေးပို့သော မှတ်တမ်းမှတ်ရာ ခုနစ်ခုကို ABC News က လက်ခံရရှိခြင်းဖြင့် သိရှိရခြင်း ဖြစ်သည်။ 

အဆိုပါ မှတ်တမ်းများတွင် မြန်မာနိုင်ငံသား ၇၀ နီးပါး၏ အမည်များ ပါရှိသည်။ 

ယင်းတို့အနက် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် NLD လွှတ်တော်အမတ် ဦးအောင်ကြည်ညွှန့်တို့ အပါအဝင် အထင်ကရ အရပ်သား နိုင်ငံရေးသမားများနှင့် စစ်အစိုးရအား ဆန့်ကျင်သူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် ပတ်စပို့နံပါတ်များပါ ပါရှိသည်။ 

အဆိုပါ မှတ်တမ်း၌ ‘အောက်ပါ ပတ်စပို့များအား ပယ်ဖျက်ကာ တရားမဝင်ကြောင်း ကြေညာအပ်သည်’ ဟု ဖော်ပါပါရှိသည်။ 

“ထိုအတွက် သံရုံးအနေဖြင့် ဖော်ပြပါ ပတ်စပို့များအား ပယ်ဖျက်စာရင်းအဖြစ် သိမှတ်ထားမည်ဖြစ်ကာ အတည်အမှတ် ပြုတော့မည် မဟုတ်”ဟုလည်း ရေးသားဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required