အာဖဂန်နစ္စတန် ကဘူးလ်၌ အမေရိကန်တို့ စွန့်ပစ်ခဲ့သည့် ပစ္စည်းကိရိယာများကို ပြန်လည်ရောင်းချနေ

By The Frontier Post
02 December 2021
အာဖဂန်နစ္စတန် ကဘူးလ်၌ အမေရိကန်တို့ စွန့်ပစ်ခဲ့သည့် ပစ္စည်းကိရိယာများကို ပြန်လည်ရောင်းချနေ

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ကနေ ရွှေ့ပြောင်းထွက်ခွာစဥ်အတွင်း အမေရိကန်တို့ စွန့်ပစ်ချန်ထားရစ်ခဲ့သည့် ပစ္စည်းကိရိယာများ၊ အဝတ်အထည်များကို ယခုအခါ ကဘူးလ်မြို့ခံများက ပြန်လည်ရောင်းချနေမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အာဖဂန်မြို့တော်မှ သတင်းရင်းမြစ်တစ်ဦးက RIA Novosti ကို ပြောသည်။

ကဘူးလ်မြို့ရှိ စတိုးဆိုင်တချို့တွင် အမေရိကန်နှင့် တရုတ်လုပ် ကျည်ကာအင်္ကျီများ (Kevlar သုံးထားသည့် အင်္ကျီ သို့မဟုတ် မသုံးထားသည့် အင်္ကျီ) တို့နှင့်အတူ စစ်ဦးထုပ် အမျိုးအစားတချို့ ၊ ချွန်မြသည့် အစများဒဏ်ခံနိုင်သည့် မျက်မှန်များကို ဝယ်ယူရရှိနိုင်သည်ဟု အဆိုပါသတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် ဥပမာအားဖြင့် 5.11 ကဲ့သို့ လုံခြုံရေးတပ်ဖွဲ့များအတွက် အဝတ်အစားများ ထုတ်လုပ်ပေးသည့် လူသိများသော အမေရိကန်ကုမ္ပဏီများ ထုတ်လုပ်ပေးသည့် အင်္ကျီများ အပါအဝင် အမေရိကန်တို့ ချန်ထားရစ်ခဲ့သည့် အင်္ကျီများနှင့် ဖိနပ်များကိုလည်း ရောင်းချနေမှုများ ရှိနေသည်ဟု သိရသည်။

"ဒါတွေအားလုံးကိုတော့ အမေရိကန်နဲ့ ယုတ်စွအဆုံး ရုရှားမှာ ရောင်းနေတဲ့ ဈေးနှုန်းထက် ၂ ဆ-၃ ဆ ပိုနည်းတဲ့ ဈေးနှုန်းတစ်ခုနဲ့ ဝယ်လို့ ရနိုင်ပါတယ်" ဟု သတင်းအေဂျင်စီကို သတင်းပေးသူတစ်ဦးက ပြောသည်။

ဥပမာအားဖြင့် ကဘူးလ်မြို့တွင်း စတိုးဆိုင်များတွင် Kevlar ဖြင့် ပြုလုပ်ထားသည့် အမေရိကန် ကျည်ကာအင်္ကျီများ၏ နှုန်းထားသည် ဒေါ်လာ ၂၀၀ မကျော်သလို 5.11 ဘွတ်ဖိနပ်များကို ကဘူးလ်တွင် ဒေါ်လာ ၄၀-၅၀ ဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly