ကျိုက်ထို အမှတ် (၂) ခြေလျင်တပ် အဝေးပစ် ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

ကျိုက်ထို အမှတ် (၂) ခြေလျင်တပ် အဝေးပစ် ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

ဒီဇင်ဘာ ၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ဘိုက္ကားကျေးရွာ၌ တပ်ဆွဲထားသော အမှတ် (၂) ခြေလျင်တပ်ကို ယနေ့ ဒီဇင်ဘာလ ၁ ရက်တွင် အဝေးပစ် ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ကျိုက်ထိုမြို့နယ် တော်လှန်ရေး အင်အားစု (KRF) က ထုတ်ပြန်သည်။

"စစ်ကောင်စီက သုံးယောက် သေတယ်။ ခုနှစ်ဦး ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ လူတွေကို ကျိုက်ထို ဆေးရုံကို ပို့လိုက်တယ်။ ဒဏ်ရာရတဲ့ ထဲက တစ်ယောက် ထပ်သေတယ်။ တခြား ဒဏ်ရာရတဲ့ လူတွေကို မော်လမြိုင်ဘက်ကို ခေါ်သွားတယ်" ဟု KRF အဖွဲ့ဝင် တစ်ဦးက ပြောသည်။

ထိုပစ်ခတ်မှုကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်းလုပ်ဆောင် ခဲ့ခြင်း ဖြစ်သည်ဟု KRF က ဆိုသည်။

ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာ၊ တောရကျောင်းကွေ့ အနီး၌ KNLA နှင့် KRF ပူးပေါင်းအဖွဲ့ နှင့် စစ်ကောင်စီတပ်တို့ နိုဝင်ဘာလ ၂၅ ရက်တွင် တိုက်ပွဲ ဖြစ်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly