အိန္ဒိယ၊ မော်လ်ဒိုက်နှင့် သီရိလင်္ကာတို့ ၃ နိုင်ငံ ပူးတွဲ စစ်ရေး လေ့ကျင့်မှု ပြုလုပ်

အိန္ဒိယ၊ မော်လ်ဒိုက်နှင့် သီရိလင်္ကာတို့ ၃ နိုင်ငံ ပူးတွဲ စစ်ရေး လေ့ကျင့်မှု ပြုလုပ်

အိန္ဒိ၊ မော်လ်ဒိုက်နှင့် သီရိလင်္ကာနိုင်ငံတို့၏ ၂နှစ် ၁ ကြိမ် ကျင်းပသော ‘Dosti’ အမည်ရှိ ၁၅ ကြိမ်မြောက် ၃ နိုင်ငံ စစ်ရေးလေ့ကျင့်မှုကို မော်လ်ဒိုက်နိုင်ငံတွင် နိုဝင်ဘာ ၂၁ ရက်မှ ၂၄ ရက်အထိ ကျင်းပခဲ့သည်။

အိန္ဒိယ၏ ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ သင်္ဘောများဖြစ်သည့် ICGS Vijra နှင့် ICGS Apoorva တို့နှင့်အတူ သီရိလင်္ကာ ကမ်းရိုးတန်းစောင့်တပ်ဖွဲ့မှ SLCGS Suraksha တို့သည် စစ်ရေးလေ့ကျင့်မှုအတွက် မော်လ်ဒိုက်သို့ ရောက်ရှိခဲ့ကြကြောင်း တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုနှစ်သည် အဆိုပါ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခြင်း၏ နှစ် ၃၀ ပြည့်ဖြစ်သည်။

“အိန္ဒိယ-မော်လ်ဒိုက်-သီရိလင်္ကာတို့၏ ၃ နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင်မှု ‘DOSTI’ သည် နိုင်ငံတို့၏ ကမ်းရိုးတန်းစောင့်တပ်ဖွဲ့များအကြား ချစ်ကြည်ရေးအားကောင်းစေရန်၊ ပူးတွဲ စစ်ဆင်ရေးစွမ်းရည် မြှင့်တင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်ရန် ရည်ရွယ်သည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

လွန်ခဲ့သည့် ၁၀ နှစ်ကာလအတွင်း ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုသည် ပင်လယ်ပြင်၌ ဖြစ်ပွားသည့် ပြဿနာများကို အကူအညီပေးရန်၊ ပင်လယ်ပြင်ညစ်ညမ်းမှု ပပျောက်စေရန်၊ ရေနံယိုစိမ့်မှုအခြေအနေများတွင် ကမ်းရိုးတန်းစောင့် လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရန် ဦးတည်ထားသည်။

Dosti စစ်ရေးလေ့ကျင့်မှုကို အိန္ဒိယနှင့် မော်လ်ဒိုက် ကမ်းရိုးတန်းစောင့်တပ်ဖွဲ့များအကြား ၁၉၉၁ ခုနှစ်က စတင်ခဲ့ပြီး သီရိလင်္ကာက ၂၀၁၂ ခုနှစ်တွင် ပထမဆုံးအကြိမ် ပါဝင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly