မနီလာ၊ ဒီဇင်ဘာ ၃၁ ။ ။ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် စစ်တပ်နှင့် မွတ်စလင် သူပုန်တပ်ဖွဲ့များကြား ဒီဇင်ဘာ ၃၀ ရက်က တိုက်ပွဲဖြစ်၍ စစ်သားတစ်ဦးနှင့် သူပုန်ရှစ်ဦး သေဆုံးကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
မွတ်စလင် အဘူဆေယက်ဖ်သူပုန်အဖွဲ့နှင့် စစ်တပ်ကြား ဆူလူပြည်နယ် အစွန်းဖျားကျေးရွာတစ်ရွာတွင် ညနေ ၄ နာရီခန့်က တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး စစ်သားတစ်ဦးနှင့် သူပုန်ခုနစ်ဦး ဒဏ်ရာရကြောင်း အနောက်ပိုင်းတိုင်းစစ်ဒေသ ဗိုလ်မှူး ဖီလီမွန်တန်က ပြောသည်။
“တိုက်ပွဲက ဆက်လက်ဖြစ်နေပါတယ်။ မွတ်စလင်သူပုန်တွေဖက်မှာ အင်အားက ၁၀၀ လောက် အနည်းဆုံးရှိပါမယ်။”ဟု ၎င်းက ပြောသည်။
အဘူဆေယက်ဖ်အဖွဲ့သည့် အစ္စလာမ်အစွန်းရောက်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး တောင်ပိုင်းဖိလစ်ပိုင်တွင် ပြန်ပေးဆွဲမှုများနှင့် လူသတ်ခြင်းများကို ကျုးလွန်နေသည့် သူပုန်အဖွဲ့တစ်ဖွဲ့ဖြစ်သည်။