နိုင်ငံတကာရဲတပ်ဖွဲ့တွင် ထိုင်ဝမ် ပါဝင်နိုင်ရေးအတွက် အမေရိကန်အမတ်များ လက်မှတ်ရေးထိုးတောင်းဆို

နိုင်ငံတကာရဲတပ်ဖွဲ့တွင် ထိုင်ဝမ် ပါဝင်နိုင်ရေးအတွက် အမေရိကန်အမတ်များ လက်မှတ်ရေးထိုးတောင်းဆို

နိုင်ငံတကာ ရာဇဝတ်မှုခင်းရဲတပ်ဖွဲ့(Interpol) တွင် ထိုင်ဝမ်ပါဝင်ရေးအတွက် ကူညီပေးရန် သမ္မတဘိုင်ဒင် အစိုးရအား တိုက်တွန်းထားပြီး လာမည့်သီတင်းပတ်တွင် ကျင်းပမည့် ၂၀၂၁ခုနှစ် အထွေထွေညီလာခံ အစည်း အဝေးတွင် လေ့လာသူအဖြစ် ထိုင်ဝမ်တက်ရောက်နိုင်ရေးအတွက် အမေရိကန်လွှတ်တော်အမတ် ၇၁ ဦးက ပူးတွဲစာတစ်စောင်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း မီဒီယာတစ်ခုက ဖော်ပြခဲ့သည်။

ပါတီနှစ်ရပ်လုံးမှ ကိုယ်စားလှယ်များကို ရီပတ်ပလီကန်ပါတီမှ ဂျွန်ကာတီ၊ မိုက်ကယ်ဂတ်စ်နှင့် ဒီမိုကရက်တစ် ပါတီမှ ဂယ်ရီ ကွန်နိုလီတို့ဦးဆောင်ပြီး ကြိုးပမ်းချက်အနေဖြင့် အဆိုပါစာကို ရှေ့နေချုပ် မာရစ်ဂါလင့်၊ နိုင်ငံခြားရေးဝန်ကြီး အန်ထော်လီဘလင်ကင်နှင့် အင်တာပိုဝါရှင်တန်ဒါရိုက်တာမိုက်ကယ်ဟုချ်တို့ ဆီသို့ လိပ်မူပြီး ပြီးခဲ့သည့် သီတင်း ၂ ပတ်က ပေးပို့ခဲ့ကြောင်း Taiwan Focus မှ သတင်း ဖော်ပြခဲ့သည်။

ထိုင်ဝမ်သည် အင်တာပိုလ်တွင် ပါဝင်ခြင်းဖြင့် အကျင့်ပျက်ခြစားမှုနှင့် အလွဲသုံးစားမှုများကို အမြစ်ပြတ် ချေမှုန်းရန် အမေရိကန်နှင့် အခြားနိုင်ငံတကာမဟာမိတ်များနှင့် လက်တွဲလုပ်ဆောင်နိုင်ကြောင်း ကာတီရုံးမှ နိုဝင်ဘာ ၁၈ရက်တွင် ထုတ်ပြန်သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့သည့် စာတွင် ဖော်ပြထားသည်။

အင်တာပိုလ်တွင် အကျင့်ပျက်ခြစားမှုနှင့် အလွဲသုံးစားမှုများကို အမြစ်ပြတ်ချေမှုန်းရေးအတွက် အမေရိကန်နှင့် အခြား သော ဒီမိုကရေစီမိတ်ဖက်များနှင့် လက်တွဲလုပ်ဆောင်ရန် ထိုင်ဝမ်သည် အင်တာပိုလ်အဖွဲ့ဝင်နိုင်ငံအဖြစ် ထိုက်တန် သည်ဟု ကာတီက ပြောကြားခဲ့သည်။

“ကွန်ဂရက်က အတည်ပြုတဲ့ ဥပဒေတွေကို အတည်ပြုပေးရန်၊ တရုတ်ရဲ့လွှမ်းမိုးမှုကို တန်ပြန်ရန်နဲ့ ဒီလနှောင်းပိုင်းမှာ အထွေထွေညီလာခံ အစည်းအဝေးမတိုင်ခင် ထိုင်ဝမ်ရဲ့ အင်တာပိုလ်မှာ ပါဝင်ရေးအတွက် ပြင်းပြင်းထန်ထန် တွန်းအားပေးဖို့ လိုအပ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် အင်တာပိုလ်တွင် အာဏာရှင်သြဇာလွှမ်းမိုးမှုသည် ရုရှား၊ ဘီလာရုစ်နှင့် တရုတ်တို့ကဲ့သို့ အာဏာရှင်နိုင်ငံများက အင်တာပိုလ်၏ “အနီရောင်သတိပေးချက်” စနစ်ကို အလွဲသုံးစားလုပ်မှုကို ဖြစ်ပေါ်စေသည်ဟု ကာတီက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly