ထိုင်ဝမ်၏ လေကြောင်းကာကွယ်ရေးဇုန်သို့ တရုတ်လေယာဉ်များ ထပ်မံ ကျူးကျော်ဝင်ရောက်

ထိုင်ဝမ်၏ လေကြောင်းကာကွယ်ရေးဇုန်သို့ တရုတ်လေယာဉ်များ ထပ်မံ ကျူးကျော်ဝင်ရောက်

ထိုင်ဝမ်၏ လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန်ကို ကျူးကျော်ဝင်ရောက်လာသည့် နျူကလီးယား လက်နက်သယ်ဆောင်နိုင်သော H-6 ဗုံးကျဲလေယာဉ် ၂ စင်း အပါအဝင် တရုတ်လေယာဉ် ၉ စင်းကို ထိုင်ဝမ်က နိုဝင်ဘာ ၂၁ရက်တွင် ထောက်လှမ်း တွေ့ရှိခဲ့သည်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ လေယာဉ်များသည် ကျွန်း၏ တောင်ဘက်သို့ ပျံသန်းခဲ့ကြောင်း Sputnik သတင်းဌာနက ဖော်ပြခဲ့သည်။

ဗုံးကျဲလေယာဉ် ၂ စင်းသည် တရုတ်သို့ ပြန်လည်မပျံသန်းမီ ထိုင်ဝမ်နှင့် ဖိလစ်ပိုင်ကို ပိုင်းခြားထားသည့် ဘာရှစ်ရေလက်ကြားသို့ ပျံသန်းသွားခဲ့ပြီး အခြားလေယာဉ်များကို ထိုင်ဝမ်ထိန်းချုပ်ထားသော ပရာတတ်စ် ကျွန်းစုများအနီးတွင် တွေ့ရှိခဲ့ကြောင်း Sputnik သတင်းဌာနက ဖော်ပြခဲ့သည်။

တရုတ်ကို စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့သည့် ဥရောပသမဂ္ဂနှင့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့များ တိုင်ပေသို့ လာရောက်ခဲ့ချိန်တွင် တရုတ်တပ်များက ဒေသတွင်း စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး မကြာသေးမီ လများအတွင်း တင်းမာမှုများ တိုးမြင့်လာခဲ့သည်။

ထိုင်ဝမ်သည် ၁၉၄၉ ခုနှစ် ပြည်တွင်းစစ် အပြိးတွင် တရုတ်ပြည်မကြီးမှ ခွဲထွက်ခဲ့ပြီးချိန်မှစ၍ လွတ်လပ်စွာ အုပ်ချုပ်ခဲ့သည်။

တရုတ်က ထိုင်ဝမ်ကျွန်းသည် ခွဲထွက်ပြည်နယ်တစ်ခုဖြစ်ပြီး ထိုင်ပေနှင့် အခြားနိုင်ငံများအကြား ဆက်သွယ်မှု မှန်သမျှသည် တရုတ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည်ဟု ယူဆနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly