နိုဝင်ဘာ ၂၅
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်း ဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဌာနချုပ် လွယ်တိုင်းလျဲန်း၌ ယနေ့နို၀င်ဘာလ ၂၅ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို RCSS ၏ ကျန်းမာရေးဌာန Shan Health Committee, Relief International နှင့် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) တို့ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး အမျိုးသမီးများအပေါ်အကြမ်းမဖက်ရေး အသိပညာပေး ဆွေးနွေးခြင်း၊ ဖဲကြိုးဖြူ လှုပ်ရှားမှုများ လုပ်ဆောင်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။
ဖဲကြိုးဖြူ လှုပ်ရှားမှုတွင် RCSS တပ်ဖွဲ့မှ အရာရှိနှင့်တပ်ဖွဲ့ဝင်များအပါအဝင် ဒေသခံပြည်သူ ဦးရေ ၁၅၀ ခန့် ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။