တရုတ်သမ္မတရှီကျင့်ဖျင်က အခြေချနေထိုင်ရန်မသင့်လျော်ဆုံးနေရာသို့ ၄ ကြိမ် ခရီးထွက်ခဲ့

By Beijing Bulletin
25 November 2021
တရုတ်သမ္မတရှီကျင့်ဖျင်က အခြေချနေထိုင်ရန်မသင့်လျော်ဆုံးနေရာသို့ ၄ ကြိမ် ခရီးထွက်ခဲ့

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် လွန်ခဲ့သည့် ၁၀ စုနှစ် ၃ ခုအတွင်း နိုင်ငံ၏ အဆင်းရဲဆုံး ဒေသများထဲမှ တစ်ခုဖြစ်သည့် ရှင်ဟိုင်းသို့ ၄ ကြိမ် ခရီးထွက်ခဲ့သည်။ သူ့၏ ခရီးစဉ်များသည် ထိုဒေသရှိပြည်သူများ၏ ဘ၀ကို ပြောင်းလဲစေရာတွင် များစွာအကူအညီဖြစ်စေခဲ့သည်။

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း နင်းရှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မိုးနည်းရေရှားသော ရှင်ဟိုင်းဒေသသည် မိုးခေါင်ရေရှားမှုနှင့် ပျက်စီးလွယ်သော ဂေဟစနစ်ပတ်ဝန်းကျင်ကြောင့် ၎င်းဒေသအား " အခြေချနေထိုင်ရန် မသင့်လျော်ဆုံးနေရာ" ဟု ၁၉၇၀ ပြည့်နှစ်ဝန်းကျင်က ကုလသမဂ္ဂမှ လာရောက်လည်ပတ်သော ကျွမ်းကျင်ပညာရှင်များကသတ်မှတ်ခဲ့သည်။

သမ္မတရှီသည် ၁၉၉၇ ခုနှစ်တွင် ရှင်ဟိုင်းသို့ ပထမဆုံးအကြိမ်သွားရောက်လည်ပတ်ခဲ့သည်။

“ဆင်းရဲတဲ့နေရာဒေသတွေကို ကျွန်တော် တွေ့ခဲ့ နေထိုင်ခဲ့ဖူးပေမယ့် ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ တရုတ်နိုင်ငံမှာ ဒီလိုဆင်းရဲတဲ့ နေရာတွေရှိနေသေးတာကို တွေ့ရတော့ အံ့ဩစရာပါပဲ” ဟု ၎င်းက ပြန်ပြောပြသည်။

သမ္မတရှီက အကျိုးမဖြစ်ထွန်းသော ဘိုးဘွားပိုင်မြေများမှ မြစ်ဝါမြစ်ကြောင့် မြေဆီဩဇာပြည့်ဝနေသော ဟဲလန်တောင်ခြေရင်းရှိ နေရာသစ်သို့ ရှင်ဟိုင်းမှ လူ့အသိုက်အဝန်းတစ်ခုလုံး ပြောင်းရွှေ့နေထိုင်မည့် စီမံကိန်းကို တွန်းအားပေးခဲ့သည်။ ဖူဂျီယန်နှင့် နင်းရှတို့၏ နာမည်အတိုကောက်များကို ပေါင်း၍ အဆိုပါနေရာသစ်အား "မင်းနင်းကျေးရွာ" ဟု ရှီက အမည်ပေးခဲ့သည်။

"မင်းနင်းကျေးရွာ သဲဆန်တဲ့မြေဖြစ်ပေမယ့် နောင်မှာ မြေဆီသြဇာကောင်းတဲ့ မြေဖြစ်လာမှာပါဟု ရှီက ပြောသည်။

ရေပြတ်လပ်မှုသည် ရှင်ဟိုင်းဒေသဆင်းရဲမွဲတေမှု၏အဓိကအကြောင်းရင်းဖြစ်သည်ဟု ရှီကပြောကြားခဲ့သည်။

၂၀၀၈ ခုနှစ် ဧပြီလတွင် CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို၏ အမြဲတမ်းကော်မတီဝင်နှင့် တရုတ်နိုင်ငံ ဒု-သမ္မတဖြစ်သူ ရှီသည် နင်းရှသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ လှည့်လည်ကြည့်ရှုစစ်ဆေးမှုအတွင်း သူသည် လူသိများ ထင်ရှားသည့် သဲမြေဖြစ်ထွန်းမှုထိန်းချုပ်ရေးသူရဲကောင်း ဝမ်ယောက်နှင့်အတူ သစ်ပင်စိုက်ခဲ့သည်။ ရှီက ဒေသခံပြည်သူများကို “မင်းတို့ ကောင်းကောင်းမွန်မွန်နေထိုင်နိုင်တဲ့အခါ ငါပြန်လာမှာပါ” ဟု ကတိပြုခဲ့သည်။

၂၀၁၆ ခုနှစ် ဇူလိုင်လတွင် CPC ဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူး၊ တရုတ်သမ္မတနှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ရှီသည် ၎င်း၏ကတိအတိုင်း ရှင်ဟိုင်းသို့ တတိယအကြိမ် လာရောက်လည်ပတ်ခဲ့သည်။ ရွာတစ်ရွာအဖြစ်မှ လွန်ခဲ့သည့် ၁၀ စုနှစ် ၂ ခုအတွင်း လူပေါင်း ၆၀ ၀၀၀ ရှိလာသည့် မင်နင်းမြို့ယွမ်လုံကျေးရွာသို့ သမ္မတရှီ သွားရောက်ခဲ့သည်။

ရှီသည် ၂၀၂၀ ခုနှစ် ဇွန်လတွင် ရှင်ဟိုင်းသို့ စတုတ္ထအကြိမ်မြောက် လာရောက်ခဲ့သည်။ ရှင်ဟိုင်းမှ ပြောင်းရွှေ့နေထိုင်သူများအတွက် တရုတ်နိုင်ငံ၏ အကြီးဆုံး အခြေချနေထိုင်ရာ နေရာတစ်ခုဖြစ်သည့် ဝန်ကျောင်မြို့ရှိ ဟောင်စီဘူခရိုင်သို့ သွားရောက်ခဲ့သည်။

သမ္မတရှီ လုပ်ဆောင်ခဲ့သည့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအစီအမံများသည် ရှင်ဟိုင်းရှိ မရေမတွက်နိုင်သောလူများ၏ကံကြမ္မာကို ပြောင်းလဲစေခဲ့သည်။

လွန်ခဲ့သည့် နှစ် ၄၀ အတွင်း ရှင်ဟိုင်းမှ လူ ၁ ဒသမ ၂၃ သန်းခန့်ကို သာယာသော နေရာများသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့သည်။၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင်ရှင်ဟိုင်း၏ နောက်ဆုံး ကျန်ရစ်သော ဆင်းရဲသည့်ကောင်တီ ရှီကျိကို ဆင်းရဲနွမ်းပါးသောခရိုင်များစာရင်းမှ ဖယ်ရှားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly