တရုတ်စစ်တပ်က ထိုင်ဝမ်ကို ကျူးကျော်နိုင်သည့် အခြေအနေနီးစပ်လာ

တရုတ်စစ်တပ်က ထိုင်ဝမ်ကို ကျူးကျော်နိုင်သည့် အခြေအနေနီးစပ်လာ

တရုတ်စစ်တပ် (PLA) သည် ထိုင်ဝမ်ကို ကျူးကျော်နိုင်သည့် အခြေအနေ နီးစပ်နေခြင်း သို့မဟုတ် ရရှိနေပြီးဖြစ်နိုင်သော်လည်း တရုတ် ခေါင်းဆောင်များသည် အမေရိကန်၏ စစ်ရေးအရ ပါဝင်မှုကို ဟန့်တားခြင်း၊ နှောင့်နှေးခြင်း သို့မဟုတ် ချေမှုန်းခြင်းတွင် အန္တရာယ် မြင့်မားစွာ ရှိနိုင် သေးကြောင်း အမေရိကန်-တရုတ် စီးပွားရေးနှင့် လုံခြုံရေး ပြန်လည်သုံးသပ်ရေးကော်မရှင် (USCC) ၏ ကွန်ဂရက်သို့ နိုဝင်ဘာ ၁၇ရက်က တင်သွင်းသည့် ၂၀၂၁ခုနှစ်ပတ်လည် အစီရင်ခံစာကို ဖော်ပြထားသည်။

ခေတ်မီအောင် PLA က ဆယ်စုနှစ်များစွာ အင်တိုက်အားတိုက် လုပ်ဆောင်ခြင်းက ထိုင်ဝမ် ရေလက်ကြားစစ်ရေး ဟန်ချက်ညီမှုကို ပြောင်းလဲစေခဲ့ပြီး ရေလက်ကြားဖြတ်ကျော် ဟန့်တားမှုကို အန္တရာယ်ရှိလောက်အောင်အထိ အားနည်းသွားစေခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်စစ်တပ်၏ စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်မှုသည် နှစ်ပေါင်းများစွာ အစီအစဉ်ရေးဆွဲခြင်းနှင့် ကျူးကျော်တိုက်ခိုက် မှုကို ခုခံကာကွယ်နိုင်ခြင်းတို့ ပါဝင်သည်။

တရုတ်သည် ကုန်းရေနှစ်သွယ်နှင့် အရပ်ဘက် ပင်လယ်ပြင် သယ်ယူပို့ဆောင်မှုစနစ်အားကောင်းလာစေရန် သင်္ဘော တည်ဆောက်မှု စွမ်းရည်တွင် သိသာထင်ရှားသော တိုးတက်မှုများကို ပြသခဲ့ပြီး အဆိုပါ နှစ်မျိုးစလုံးကို PLA က မြေပြင်နှင့် ရေပြင်နှစ်မျိုးစလုံးအတွက် ဆင်းသက်ရေး လေ့ကျင့်မှုတွင် အသုံးပြုခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြခဲ့သည်။

ဝင်ရောက်တိုက်ခိုက်ရေးကို အောင်မြင်စွာ လုပ်ဆောင်နိုင်သည်ဟု တရုတ်ခေါင်းဆောင်များ၏ ယုံကြည်မှု အားကောင်းစေရန် PLA က အဆိုပါ စွမ်းရည်အားလုံးကို ဆက်လက် မြှင့်တင်သွားမည်ဖြစ်ကြောင်း USCC မှ ပြောကြားခဲ့သည်။

တရုတ်ခေါင်းဆောင်များသည် ကျူးကျာ်ရန် ကြိုးပမ်းမှု၏ မသေချာမရေရာသော အောင်မြင်မှုအပြင် ယင်း၏ အန္တရာယ်နှင့် အကျိုးဆက်များနှင့်ပတ်သက်၍ နက်နက်ရှိုင်းရှိုင်း စိုးရိမ်နေသောကြောင့် ရေလက်ကြား ဖြတ်ကျော် ဟန့်တားမှုကို ယနေ့တိုင် ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။

ထိုင်ဝမ်ကို ဝင်ရောက်တိုက်ခိုက်ရန် သို့မဟုတ် အမေရိကန်၏ ပါဝင်မှုကို တန်ပြန်ရန် PLA ၏ ကြိုးပမ်းမှုများကျဆုံးသွားခြင်းက တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ တရားဝင်မှုကို ပျက်ပြားစေလိမ့်မည်ဟု အစီရင်ခံစာက ဆိုသည်။

တရုတ်စစ်တပ် သည် ပူးတွဲစစ်ဆင်ရေးများနှင့် တစ်ဦးချင်းအရည်အသွေးများတွင် သိသာထင်ရှားသော အားနည်းချက် များကို ကြုံတွေ့နေရဆဲဖြစ်ခြင်းက တရုတ်ထိပ်တန်းခေါင်းဆောင်များအကြား မသေချာမရေရာမှုများကို ဖြစ်စေလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly