မဇ္ဈိမအပါအဝင် သတင်းဌာနအချို့၏ ထုတ်လွှင့်မှုများ ကြည့်ရှုနိုင်မည့် ဝန်ဆောင်မှုမပေးရန် ဟိုတယ်များကို စစ်ကောင်စီညွှန်ကြား

မဇ္ဈိမအပါအဝင် သတင်းဌာနအချို့၏ ထုတ်လွှင့်မှုများ ကြည့်ရှုနိုင်မည့် ဝန်ဆောင်မှုမပေးရန် ဟိုတယ်များကို စစ်ကောင်စီညွှန်ကြား

နိုဝင်ဘာ ၂၃

မဇ္ဈိမ၊ DVB အပါအဝင် စစ်ကောင်စီက ပိတ်ပင်ထားသည့် မီဒီယာများ၏ ထုတ်လွှင့်မှုများကို ဟိုတယ်များ၊ တည်းခိုခန်းများတွင် ကြည့်ရှုနိုင်မည့် ဝန်ဆောင်မှု မပေးရန် သတိပေးစာတစ်စောင်ကို စစ်ကောင်စီက နိုဝင်ဘာ ၂၂ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

မဇ္ဈိမ၊ DVB၊ ခေတ်သစ်မီဒီယာ၊ Myanmar Now နှင့် 7 Day သတင်းဌာနတို့၏ ထုတ်လွှင့်ခြင်းများကို ကြည့်ရှုနိုင်ရန် ဝန်ဆောင်မှုပေးပါက တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ စစ်ကောင်စီလက်အောက်ခံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဟိုတယ်လုပ်ငန်းရှင်များ အသင်းတို့ကို လိပ်မူကာ ညွှန်ကြားစာ ပေးပို့ထားသည်။

စစ်ကောင်စီက အဆိုပါသတင်းဌာနများကို မတ်လ ၃ ရက်နေ့မှ စတင်ကာ နာမည်ပျက်စာရင်း (Blacklist )ထဲ ထည့်ထားပြီး ရုပ်သံထုတ်လွှင့်ခြင်းနှင့် သတင်းရေးသားခြင်းများကိုလည်း ပိတ်ပင်ထားသော်လည်း အချို့ဟိုတယ်၊ တည်းခိုရပ်သာများတွင် အထက်ပါ သတင်းဌာနများ၏ ရုပ်သံလိုင်းများအား ဖမ်းယူကြည့်ရှုနိုင်သည့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေကြောင်း စိစစ်တွေ့ရှိသည့်အတွက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း ညွှန်ကြားစာတွင် ပါရှိသည်။

စစ်ကောင်စီ၏ ညွှန်ကြားချက်ကို မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းကလည်း ၎င်း၏ အသင်းဝင်ဟိုတယ်များသို့ တစ်ဆင့် ညွှန်ကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly