နိုင်ငံတိုင်းသည် တူညီသောလမ်းစည်းကမ်းများကို လိုက်နာရမည်ဟု ဘိုင်ဒင်က တရုတ်သမ္မတကို ပြောကြား

နိုင်ငံတိုင်းသည် တူညီသောလမ်းစည်းကမ်းများကို လိုက်နာရမည်ဟု ဘိုင်ဒင်က တရုတ်သမ္မတကို ပြောကြား

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မျှော်လင့်ချက် ကြီးမားစွာ ထားရှိကာ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ပြုလုပ်ခဲ့သည့် အွန်လိုင်း အစည်းအဝေးအစပိုင်းတွင် အမေရိကန်က အမြဲတမ်း တန်ဖိုးထားသည့် စည်းမျဉ်းများသည် တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်သလို နိုင်ငံများကလည်း ယင်းစည်းမျဉ်းများကို လိုက်နာ ဆောင်ရွက်ရမည်ဟု ပြောကြားခဲ့သည်။

“ကမ္ဘာကြီးအတွက်ရော ပြည်သူတွေအတွက်ပါ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ဒီအကြောင်းကို ပြောပြီးပါပြီ — နိုင်ငံတိုင်းက လမ်းစည်းကမ်းအတိုင်း လိုက်နာရမှာပါ၊ ဒါကြောင့် အမေရိကန်က သူ့ရဲ့အကျိုးစီးပွား၊ တန်ဖိုး တွေ၊ မဟာမိတ်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက် အမြဲတမ်း ရပ်တည်ပေးနေရတာပါ” ဟု သတင်းစာရှင်း လင်းပွဲမှာ ဘိုင်ဒင်၏ ပြောကြားချက်ကို အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးအဖွဲ့က ကိုးကားဖော်ပြခဲ့သည်။

 “အထူးသဖြင့် ရာသီဥတုပြောင်းလဲမှုကဲ့သို့သော အရေးကြီးသော ကမ္ဘာ့ပြဿ နာများ” တွင် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဘိုင်ဒင်က အဖွင့်အမှာစကားတွငအလေးပေးပြောကြားခဲ့သည်။

“ကမ္ဘာကြီးနဲ့ ပြည်သူတွေအတွက် ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်” ဟု ဘိုင်ဒင်က အဆိုပါ တွေ့ဆုံမှုအတွင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံစလုံးက နှစ်ပေါင်းများစွာ အပြန်အလှန်ပြောခြင်းဖြင့် အချိန်များစွာ ကုန်ဆုံးခဲ့ကြောင်းနှင့် ၎င်းတို့ ၂ ဦးအကြား ယခုကဲ့သို့ ပုံစံမျိုး ယခင်က မဆွေးနွေးဖူးသော်လည်း တရားဝင်တွေ့ဆုံမှုများကို ပိုမို လုပ်ဆောင်သွားသင့်ကြောင်း အမေရိကန် သမ္မတက အွန်လိုင်းအစည်းအဝေးအဖွင့်စကားတွင် ပြောကြားခဲ့သည်။

အခြားတစ်ဖက်တွင်မူ တရုတ်သမ္မတက တရုတ်-အမေရိကန် ဆက်ဆံရေးကို ရှေ့ဆက်တိုးတက်ကောင်းမွန် ရေးအတွက် သဘောတူညီမှုတည်ဆောက်ရန် ဘိုင်ဒင်အစိုးရနှင့် လက်တွဲလုပ်ဆောင်ဖို့ အဆင်သင့်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

နှစ်နိုင်ငံစလုံးသည် ဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါသောအဆင့်တွင် ရောက်ရှိနေပြီး လူသားမျိုးနွယ်၏ “ကမ္ဘာ့ရွာ” သည် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ရကြောင်း ၎င်းက ဆက်လက်ပြောသည်။

သမ္မတ နှစ်ဦးစလုံးက ဖုန်းဖြင့် နှစ်ကြိမ်ဆက်သွယ်ဖူးသော်လည်း ဘိုင်ဒင်ရာထူးလက်ခံရယူပြီးနောက်ပိုင်း ခေါင်းဆောင်နှစ်ဦးကြား ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly