လှည်းကူးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်၍ ပြည်သူ ၁ဦးသေဆုံး

လှည်းကူးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်၍ ပြည်သူ ၁ဦးသေဆုံး

နိုဝင်ဘာ ၂၂

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဒါးပိန်တိုက်နယ် တောင်ပိုင်း မြို့မရန်အောင်ခန်းမတွင် တပ်စွဲထားသော စစ်ကောင်စီတပ်က ယနေ့ နိုဝင်ဘာလ ၂၂ရက် နံနက် ၂ နာရီခန့်တွင် ပြည်သူတစ်ဦးကို ပစ်ခတ်ခဲ့ရာ သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

"မနက် နှစ်နာရီလောက်က သူ (ကိုသန်းမြတ်စိုး)က အသုဘဖဲဝိုင်းက ပြန်လာတာ။ လမ်းမက မပြန်ဘဲ စစ်တပ်ရှိတဲ့နေရာကို ရှောင်သွားတာမှာ ကင်းစောင့်တဲ့စစ်သားက တွေ့ပြီး ရပ်ခိုင်းတာကို ထွက်ပြေးလို့ နောက်က လိုက်ပစ်တာ" ဟု ဒေသခံများက ပြောသည်။

သေဆုံးသွားသူမှာ ဒါးပိန်အရှေ့ပိုင်းနေ အသက် ၅၀အရွယ် ဦးသန်းမြတ်စိုး ဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းကို စစ်ကောင်စီတပ်က လှည်းကူးမြို့နယ်ဆေးရုံသို့ ပို့ဆောင်ထားကာ မိသားစုက တွေ့ခွင့်မရသေးကြောင်း နီးစပ်သူကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly