နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကိုစွဲဆိုထားသော သဘာဝဘေးအမှုအပြီးသတ်စီရင်ချက်ချမည်

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကိုစွဲဆိုထားသော သဘာဝဘေးအမှုအပြီးသတ်စီရင်ချက်ချမည်

နိုဝင်ဘာ ၂၂

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို စွဲဆိုထားသော သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲ့မှု ဥပဒေပုဒ်မ ၂၅ အမှုအတွက် အပြီးသတ်စီရင်ချက်အမိန့် ချသွားတော့မည်ဖြစ်သည်။

ယနေ့(နိဝင်ဘာ၂၂ )ရက်နေ့ရုံးချိန်းတွင် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အားစွဲဆိုထားသော အမှုသုံးမှုနှင့် သမ္မတကြီးဦးဝင်းမြင့်ကိုစွဲဆိုထားသော အမှုတစ်မှုအတွက် နေပြည်တော်ဇဗ္ဗူသီရိမြို့နယ်အထူးတရားရုံး တွင် ရုံးထုတ်ကြားနာခဲ့ကြခြင်းဖြစ်သည်။

ယနေ့ နံနက် ၁၀ နာရီခွဲတွင် တရားခွင်းကိုစတင်ခဲ့ကြပြီး သမ္မတကြီးအားစွဲဆိုထားသော သဘာဝဘေးအမှုအတွက် ကြားနာစစ်ဆေးခဲ့ပြီးနောက် အပြီးသတ်စီရင်ချက်ချမှတ်ရန်စွပ်စွဲခံရသူနှင့်တရားလိုဘက်တို့က အပြီးသတ်လျှောက်လဲချက်များ ရေးသားတင်သွင်းခဲ့ကြသည်။

ထို့နောက် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော သဘာဝဘေးအမှုအတွက်ကြားနာစစ်ဆေးခဲ့ပြီးသမ္မတနည်းတူ အပြီးအပြီးသတ်စီရင်ချက်ချရန် အပြီးသတ်လျှောက်လဲချက်ကိုနှစ်ဘက်ရေးသားတင်သွင်းခဲ့သည်။

နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံနှစ်ဦးစလုံးကို အပြီးသတ်စီရင်ချက်အမိန့်ချရန် အထူးတရားရုံးတရားသူကြီးဦးမောင်မောင်လွင်ကဒီဇင်ဘာ ၆ ရက်ကိုချိန်းဆိုခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားသော ပို့ကုန်သွင်းကုန်အမှုနှင့် ဆက်သွယ်ရေးအမှုနှစ်ခုကို ဆက်လက်ကြားနာရာ သူမကိုယ်တိုင် ခုခံချေပ ထွက်ဆိုခဲ့သည်။

နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့နှစ်စလုံး ယနေ့တွင် ကျန်းမာရေးအထူး​ကောင်းမွန်သည်ဟု တရားရုံးနှင့်နီးစပ်သူတစ် ဦးကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required