မိမိကိုယ်ကို သရဖူ ပြန်အပ်နှင်းသည့် ရှီကျင့်ဖျင်

By The Hong Kong Post
22 November 2021
မိမိကိုယ်ကို သရဖူ ပြန်အပ်နှင်းသည့် ရှီကျင့်ဖျင်

နိုဝင်ဘာလ ၁၁ ရက်တွင် ပြီးဆုံးခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ ၄ ရက်ကြာ စုံညီ အစည်းအဝေးတွင် ရှီကျင့်ဖျင်က မိမိကိုယ်ကို သရဖူအပ်နှင်းကာ “တရုတ်ကွန်မြူနစ်ပါတီ ခေတ်သစ် ခေါင်းဆောင်များ၏ ပထမမျိုးဆက် ဖြစ်လာစေရေး" ကြိုးပမ်း ခဲ့သည်။

မျက်နှာစုံညီအစည်းအဝေးသည် တရုတ်ကွန်မြူနစ်ပါတီသမိုင်းတွင် “တတိယမြောက် သမိုင်းဝင်ဆုံးဖြတ်ချက်” ကို အတည်ပြုခဲ့သည်။

ယင်းသည် ရာစုနှစ်တစ်ခု၏ သမိုင်းကို အသုံးပြုပြီး အနာဂတ်မှာ ပိုကောင်းအောင် ချိတ်ဆက် ထားသလိုပင်ဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် တရုတ်ပြည်တွင် သမ္မတ ရှီကျင့်ဖျင်၏ လက်ရှိ အဆင့် အတန်းကို ပိုမိုမြှင့်တင်ရန် ဆုံးဖြတ်ချက်ကို အံ့အားသင့်ဖွယ်မရှိဘဲချမှတ်ခဲ့ပြီး ခေတ်သစ်တစ်ခုကို ဖော်ညွှန်းခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင်သည် ယင်း၏ ခိုင်မာအားကောင်းသော ခေါင်းဆောင်မှုပုံသဏ္ဍာန်ကို အားကောင်းစေရန် ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရို၏ ကိုယ်စား စုံညီအစည်းအဝေးသို့ လုပ်ငန်းအစီရင်ခံစာ ပေးပို့ခဲ့သည်။

လျှို့ဝှက်မှု အမြင့်ဆုံးပြုလုပ်ရမည့် အခြေအနေများတွင် တရုတ်ကွန်မြူနစ်ပါတီ၏ “ပါလီမန်” ဗဟိုကော်မတီ အဖွဲ့ဝင် ၄၀ဝ နီးပါးက ၁၉၂၁ခုနှစ်တွင် တည်ထောင်ခဲ့သည့် ကွန်မြူနစ်ပါတီ၏ “အောင်မြင်မှုများ” ဆိုင်ရာ ဆုံးဖြတ်ချက်အသစ်ကို အတည်ပြုခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြခဲ့သည်။

တရုတ်အစိုးရ၏ အာဘော်ဖြစ်သော ဆင်ဟွာသတင်းအေဂျင်စီက ယင်းသည် နှစ်ထောင်ပေါင်းများ စွာအတွင်း တရုတ်နိုင်ငံ၏ အခမ်းနားဆုံး သမိုင်းမှတ်တမ်းတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

အာဏာရရန် အစဉ်အလာသမိုင်းကို အသုံးပြုခဲ့သော နိုင်ငံတစ်ခုတွင် ရှီက သူ့ကိုယ်သူ အစိုးရ၏ အငြင်းပွားဖွယ်မရှိသော အမွေဆက်ခံသူအဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ချက်ကို အသုံးပြုခဲ့သည်။

ရာစုနှစ်နှင့်ချီ တည်တံ့ခဲ့သည့် CCP သည် ယခုအချိန်အထိ သမိုင်းဝင်ဆုံးဖြတ်ချက် ၂ ခုသာ အတည် ပြုနိုင်ခဲ့ပြီး နိုင်ငံရေး စာမျက်နှာသစ် မဖွင့်မီ အချိန်တိုင်းတွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly