ထိုင်ဝမ်နှင့် ပတ်သက်သည့် တရုတ်၏ မမှန်ကန်သော ဒေါသကို ကျော်လွှားရမည့် အချိန်

By Taiwan News
22 November 2021
ထိုင်ဝမ်နှင့် ပတ်သက်သည့် တရုတ်၏ မမှန်ကန်သော ဒေါသကို ကျော်လွှားရမည့် အချိန်

ထိုင်ဝမ်က ပြင်ပကမ္ဘာနှင့် ဆက်ဆံသည့်အချိန်တိုင်း အနောက်တိုင်းမီဒီယာများက "တရုတ်ကို ဒေါသထွက်စေသော လှုပ်ရှားမှုတစ်ခု" ဟု ဖော်ပြခဲ့ကြသည်။

"ထိုင်ဝမ်နိုင်င်ငံခြားရေး ဝန်ကြီးသည် တရုတ်ကို ဒေါသထွက်စေဖွယ်ရှိသည့် အပြုအမူဖြင့် ဥရောပသို့ အလည်အပတ် ရောက်ရှိနေသည်" သို့မဟုတ် "ဗြိတိန်ရှိ တိုင်ပေ ကိုယ်စားလှယ်ရုံးသည် ဂလတ်စဂိုမြို့ရှိ COP26 ညီလာခံတွင် သီးသန့်အစည်းအဝေးကျင်းပသည့်အတွက် တရုတ်ကို ဒေါသဖြစ်စေနိုင်ဖွယ်ရှိသည်" စသဖြင့် ဖော်ပြခဲ့ကြသည်။

ထိုင်ဝမ်နှင့် ပတ်သက်၍ တရုတ်ကွန်မြူနစ်ပါတီ၏ အမြဲလိုလို ဒေါသထွက်မှုသည့် အကန့်အသတ် မရှိကြောင်း ယခုသီတင်းပတ် The Atlantic တွင် ခရစ်ဟော်တန်က ရေးသားခဲ့သည်။

ထိုင်ဝမ်နှင့် ပတ်သက်၍ တရုတ်ကွန်မြူနစ်ပါတီ (CCP ) သည် စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ဖွယ်မရှိပေ။

ထိုင်ဝမ်ကို နိုင်ငံတစ်ခုအဖြစ် ဖော်ပြသည့်အခါတိုင်း ထိုင်ဝမ်အလံကို အသုံးပြုခြင်း သို့မဟုတ် ထိုင်ဝမ်အမည်ကို ဖော်ပြသည့်အခါတိုင် "တရုတ်လူမျိုးများကို စော်ကားသည်" ဟု CCP ပြောရေးဆိုခွင့်ရှိသူအများအပြားက လိုအပ်သည်ထက်ပို၍ လျင်မြန်စွာ သတိပေးခဲ့ကြသည်။

မကြာသေးမီနှစ်များအတွင်း၊ ယင်းစကားစုနှစ်ခုလုံးနောက်ကွယ်တွင် ခြိမ်းခြောက်မှု အနည်းငယ်ရှိလာသည်။

ထိုင်ဝမ်လွတ်လပ်ရေးအကြောင်းပြောသည့်အခါ ရုတ်ခြည်းထွက်ပေါ်လာသည့် တရုတ်ထံမှ လက်ရှိ စကားလုံးသည် “မအောင်မြင်မည့် လုပ်ဆောင်ချက်” ဟူ၍ ဖြစ်သည်။

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူသည် ချက်နိုင်ငံ၊ ပရာ့ဂ်မြို့သို့ အလည်အပတ်ရောက်ရှိစဉ်က “မဖွယ်မရာ ရန်စသည့်လုပ်ရပ်” နှင့် “ရွံရှာဖွယ်ကောင်းသော အပြုအမူများ” ဟု တရုတ်က ခြိမ်းခြောက်မှုများ မပြုလုပ်မီကပင် ပြောကြားခဲ့သည်။

ယခုအချိန်သည် တရုတ်ကွန်မြူနစ်ပါတီကို ဆန့်ကျင်ရန် ကမ္ဘာအတွက် အကောင်းဆုံး အချိန်ဖြစ်ပြီး ကျွန်ုပ်တို့က တရုတ်လုပ်သမျှ ခံနေမည့် ကမ္ဘာကြီးမဟုတ်ကြောင်းကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောရမည့် အချိန်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly