ထိုင်ဝမ်ကို မသိမ်းပိုက်မီ တရုတ်ကို ဟန့်တားမှုများ ပြုလုပ်သင့်ကြောင်း အမေရိကန် ကာကွယ်ရေး ကျွမ်းကျင်သူ ပြောကြား

ထိုင်ဝမ်ကို မသိမ်းပိုက်မီ တရုတ်ကို ဟန့်တားမှုများ ပြုလုပ်သင့်ကြောင်း အမေရိကန် ကာကွယ်ရေး ကျွမ်းကျင်သူ ပြောကြား

ထိုင်ဝမ်အား တရုတ်၏ စစ်ရေးအရ ကျူးကျော်မှုများ တိုးလာနေချိန်တွင် ဒီမိုကရေစီကျင့်သုံးနေသည့် ထိုင်ဝမ်ကို တိုက်ခိုက်သိမ်းပိုက်ပါက တရုတ်ကို ထိုင်ဝမ်မှ မောင်းထုတ်နိုင်မည် မဟုတ်ကြောင်း အမေရိကန် ကာကွယ်ရေး ကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့သည်။

ပထဝီမဟာဗျူဟာ လေ့လာဆန်းစစ်ရေး အတိုင်ပင်ခံလုပ်ငန်း အကြီးအကဲနှင့် လေတပ်အဖွဲ့၏ အကြီးတန်း ကာကွယ်ရေး အကြံပေးအရာရှိ ပီတာ ဟူစီ၏ အဆိုပါ မှတ်ချက်ကို Taiwan News က ဖော်ပြသည်။

ထို့ကြောင့် ဒီမိုကရက်တစ်ကျွန်းစုအား တရုတ်က မသိမ်းပိုက်မီတွင် အမေရိကန်က ဟန့်တားသင့်သည်ဟု ဗွီအိုအေ (VOA) သို့ သူက ရှင်းပြခဲ့သည်။

တရုတ်က နျူကလီးယားလက်နက်များကို လျင်မြန်စွာ တိုးချဲနေစဉ် ကွန်မြူနစ်နိုင်ငံ၏ စစ်ရေးအရ နိုင်ထက်စီးနင်းဆန်သောပြုမူမှုများ မြင့်တက်လာမှုက အမေရိကန် မူဝါဒချမှတ်သူများအကြား စိုးရိမ်ပူပန်မှု ဖြစ်စေကြောင်း ထိုင်ဝမ်သတင်းက ဖော်ပြသည်။

တရုတ်၏ အထင်ကရ အောင်မြင်မှုများတွင် ဒုံးကျည်အလုံးရေ ၃၅၀ ကျော် တည်ဆောက်ခြင်း၊ တခြား နိုင်ငံများ သို့ သြဇာလွှမ်းမိုးရန် ကမ္ဘာအကြီးဆုံး ရေတပ်ကို တည်ဆောက်ခြင်းနှင့် အနောက်ပစိဖိတ်ဒေသတွင် စွမ်းအားမြင့် ပဲ့ထိန်းဒုံးကျည်များ တည်ဆောက်ခြင်းတို့ ပါဝင်သည်။

"အထူးသဖြင့် နျူကလီးယားလက်နက်တွေ ပိုမိုပိုင်ဆိုင်လာတာကြောင့် တရုတ်က အမှန်တကယ် အတင်း အကျပ်အကြပ်ကိုင်နိုင်စွမ်းရှိတဲ့ စစ်ရေးစွမ်းရည်တွေ ရှိလာတဲ့အတွက် အခုဖြစ်ပေါ်တိုးတက်မှုတွေအတွက် အမေရိကန်အနေနဲ့ အလွန်စိုးရိမ်မိပါတယ်" ဟု ဟူစီက Taiwan News တွင် ပြောကြားခဲ့ပါသည်။

ထိုအတောအတွင်း အခြားသော ကာကွယ်ရေးပညာရှင် အာဟိက အမေရိကန်နှင့် တရုတ်အကြား လက်နက် ကိုင်ပဋိပက္ခ ဖြစ်နိုင်ခြေ အလွန်နည်းပါးကြောင်း ပြောကြားခဲ့သည်။

“ထိုင်ဝမ်ပြဿနာ” ကြောင့် တရုတ်က ဒေါသထွက်နိုင်သော်လည်း အမေရိကန်နှင့် စစ်ဖြစ်ပါက တရုတ် စီးပွားရေး ထိခိုက်နိုင်ပြီး အသက်များစွာ ဆုံးရှုံးနိုင်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly