ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော အမှု ၂ခု နောက်ဆုံးလျှောက်လဲချက်ပေးရန်နှင့် အမိန့်ချရန်သာကျန်

ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော အမှု ၂ခု နောက်ဆုံးလျှောက်လဲချက်ပေးရန်နှင့် အမိန့်ချရန်သာကျန်

နိုဝင်ဘာ ၁၅

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော အမှု ၁၁မှုရှိသည့်အနက် အမှုနှစ်ခုကို နောက်ဆုံးလျှေက်လဲချက်ပေးရန်နှင့် အမိန့်ချရန်သာကျန်ရှိတော့သည်။

ယင်းအမှုနှစ်ခုမှာ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ အမှုနှစ်မှုဖြစ်သည်။

ယနေ့ (နိုဝင်ဘာ ၁၅)ရက် ရုံးထုတ်စစ်ဆေးမှုတွင် ဇဗ္ဗူသီရိ​မြို့နယ် အထူးတရားရုံးတရားသူကြီးက ယင်းအမှုနှင့်ပတ်သက်၍ ခံပြသက်သေထပ်မံတင်သွင်းရန် ရှိသလားဟုမေးမြန်းရာ စွပ်စွဲခံရသူဘက်က မရှိတော့ကြောင်း ပြန်လည်လျှောက်ထားခဲ့သည်။

ထို့နောက် ယင်းအမှုနှစ်ခုအတွက် ယနေ့ရုံးချိန်းတွင် မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေး(CMP)အစည်းအဝေးပြုလုပ်ခဲ့သည်။ ယင်းအစည်းအဝေးဆုံးဖြတ်ချက်အရ အမှုနှစ်ခုစလုံးအား ဒီဇင်ဘာ ၆ ရက်တွင် အပြီးသတ်လျှောက်လဲချက် ပြုလုပ်ပြီးနောက် အမိန့်ချမှတ်သွားတော့မည်ဖြစ်သည်။

ယနေ့ရုံးချိန်တွင် အပတ်စဥ်ပုံမှန်စစ်ဆေးလျက်ရှိသည့် နိုင်ငံတော်သမ္မတဥိးဝင်မြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို စွဲဆိုထားသော သဘာဝဘေး အမှုအတွက် မစစ်ဆေးဖြစ်ဘဲ လာမည့်အပတ် တနင်္လာနေ့သို့ ပြန်လည်ချိန်းဆိုထားသည်။

အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှု ၁၁ ဖြင့်တရားစွဲဆိုထားရာ ပို့ကုန်သွင်းကုန်နှင့် ဆက်သွယ်ရေး ပုဒ်မ အမှုနှစ်ကို ကနဦး အပြီးသတ်အမိန့်ချမှတ် သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly